မမတို့ ကိုကို တို့ ရေ...
ရာသီဥတုကမကောင်း
ကံကြမာတွေက မျက်နှာသာမပေး
လှောင်အိမ်ထဲက ငှက်ကလေးတော့
အားငယ်တက်ပါ တယ် ဆိုမှ
ဝမ်းနည်းစရာတွေက ကြုံ
အစုံပဲပေါ့ မမတို့ ကိုကို တို့ ရယ်
ကြယ်ပြန့် လွန်းတဲ့ ကောင်းကင်ပြာကြီးထဲမှာ
အတောင်ပံဖြန့် ပျံသန်းနိုင်ဖို့ 
ခွန်အားမရှိသေးတာကြောင့်
အိမ်လေးထဲမှာပဲ နားပါရစေဦးလို့ 
ခွင့်တောင်းလိုက်တာပါ။
(အမြဲတမ်းလာလည် ပေးတဲ့ ဘလော့ ညီအကို မောင်နှမတွေးအားလုံးကို ကျေးဇူးတင်ပါတယ်နော်....ငှက်လေး လာမလည်နိုင်တာကို တော့ ခွင့်လွှတ်ပေးကြပါဦး)
PS မမ၀ါ ပြောထားတဲ့ tag လေးကို ညလေး ပြန်လာတာ နဲ့ ရေးပေးပါ့မယ်နော်
Nov 30, 2008
ခွင့်တိုင်စာ
Subscribe to:
Post Comments (Atom)
12 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:
:(
အားပေးလျှက်ပါ ငှက်ကလေးရေ။
အတောင်ပံစုံတဲ့ အချိန်ထိ စောင့်မျှော်လျက်၊ အားပေးလျက်ပါ ...
http://winzaw-mdy.blogspot.com
ခွင့်မပေးပါ
လာမလည်က တုတ်နှင့်ရိုက်မည်။
ငယ်လေးရေ ကျန်းမာရေးရော စိတ်ရော
အရာအားလုံးအဆင်ပြေပါစေကွယ်
အတောင်စုံလို့ ပျံနိုင်ပြီဆိုရင်တော့ ပြန်လာပေါ့
စောင့်နေ မျှော်နေ လွမ်းနေ သတိရနေပါ့မယ်
နော်
ညီမလေး အစစအရာရာ
အဆင်ပြေပါစေ...
ဝေး ငှက်ကလေးရေ
အတောင်ညောင်းသွားပြီလား
ဒါဆိုလည်း ခဏနားပေါ့
အေးဆေး နေလိုက် အေးဆေး
စိတ်ထဲပေါ့သွားပြီ ကျန်းမာရေးလည်း ကောင်းသွားပြီ ဆိုရင်တော့ ပြန်လာခဲ့
ဒါပေမယ့် ခွင့်က အကြာကြီး မရဘူးနော်
အချိန်စေ့လို့ ပြန်မလာရင်တော့ ဒုတ်နဲ့ လိုက်လာလိမ့်မယ် ဦးဦး အလှတရား က :)
ညလေးရေ..
ညလေးရဲ့ ခွင့်တိုင်စာလေးက ချစ်စရာလေး။
ခဏနားလိုက်နော် ညီမလေး..
မမလည်း နားဦးမယ် ခဏလောက်.
အိမ်လည်ထွက်ချင်ဘူးလေ.
ပျင်းနေတာ.
ပျော်ပါစေ ညီမလေးရေ.
ရတယ်နော်.. တက်ဂ်ပို့စ်လေးက စိတ်ပါတဲ့
အခါမှပဲရေးပေးပါ. အေးဆေးနော်.
ချစ်တဲ့
မမ၀ါ
လုပ်ကျန်ပီ... တူကလည်း.. ဘာရို့ရဲ
တစ်ခါတစ်လေ အမြင့်နဲ့ဝေးဝေးကိုပျံသန်းနိုင်ဖို့
ခွန်အားတော့မွေးသင့်တယ်ပေါ့ကွယ်**နားပါ
ကလေးရေ**အားအင်တွေရှိရင်တော့**အသစ်ရေး
ဦးပေါ့ကွယ်***
ညီမရေ..လူတိုင်းမှာ သူ့အခက်အခဲနဲ့သူ ကိုယ်စီရှိနေတတ်ကြပါတယ်။
အရာအားလုံးဟာ တစ်သတ်မှတ်တည်း ပုံသေကားချပ်ဖြစ်နေကြတာမှ မဟုတ်တာဘဲ။
ဘဝမှာ ပျော်ရသလို၊ ဝမ်းနည်းရတာလည်း ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် ကြမ်းတမ်းတဲ့ ဘဝရဲ့လှိုင်းလေရိုက်ပုတ်မှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ မိမိကိုယ်တွင်းက စိတ်ဓါတ်ခွန်အားကသာ အဓိကဖြစ်တယ်လို့ ညီမအတွက် စကားလက်ဆောင် ပေးလိုက်တယ်နော်.။
စိတ်ညစ်မှု့တွေ မြန်မြန်ပျောက်ကင်း ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Post a Comment