Dec 5, 2008

ကျမ အကြိုက်ဆုံးထဲမှ ကဗျာတပုဒ်..

ဟင်းနော် ထမင်းမဟုတ်ဖူး.... tag ကြောက်လို့ ပြေးနေတာဟီးး...(စတာပါ) မမ၀ါ tag လေးတောင် အကြွေးမဆပ်ရသေးဘူး...။ အကိုကြီး ဂျူဝသန် ကထပ် tag ပြန်ပြီ... မရေးခင်တော့ မမ၀ါကို အရင်းဆုံး အာဘွားပေးထားမှ .. အနှစ်သက်ဆုံး ပစ္စည်းလေးတွေ tag တင်ဖို့ ကင်မရာ ပျောက်နေလို့ ဟီးးး....။ မမရေ ထပ်စောင့်ပေးပါဦးနော်...။ တကယ်တော့ အခုတလော ဘယ်ကို မှ မရောက်ဖြစ်တာ ကြာပါပြီ..။ထူးထူးခြားခြား ကို ကြီးဂျူဝသန်က "ကျောသားရင်သား မခွဲခြားပါဘူးကွယ်။ ရရာလက်နှက် ဆွဲကိုင်လို့ တက်ခဲ့ပါ။" ဆိုတော့ ဘာတွေများဖြစ်ကုန်ပြီလဲပေါ့ ။ကမန်းကတန်း အနားမှာရှိတဲ့ ဘူးလေးထဲက သွားကြားထိုးတံလေး ဆွဲပြီးသွားတာ...ဟီးးး tag ကြီးဖြစ်နေတယ် (တေပါပြီ) ။ စိတ်ရှုပ်စရာ လေးတွေရှိနေလို့ ဘာလော့ကို မရောက်ဖြစ်ခဲ့တာပါ...။ ကဗျာမြင်တော့ စိတ်ဝင်စားသွားတယ် ကဗျာ ဆိုရင်တော့ တော်တော်များများ စိတ်ဝင်စားတယ်...။စည်းကမ်းချက်တွေနဲ့ ညီပြီး... နှစ်သက်တဲ့ ကဗျာလေးလဲရှိနေတော့...ချက်ခြင်းပဲကောက်တင်မိပါတယ်...။ ဒီကဗျာလေးကတော့ ကိုယ်ပိုင်ရေးထားတဲ့ ကဗျာ မဟုတ်ကြောင့်းလုံးဝ အာမ ခံပါတယ်။

♥♥မောင်♥♥
ညညအိပ်မက်တွေထဲမှာတောင်
အလွမ်းနေ့စွဲတွေရဲ့ပုံရိပ် အဖြစ်
ခဏခဏယောင်ယောင်ခေါ်ရလွန်းလို့
ကျေးဇူးပြုပြီး အဝေးမထွက်သွားပါနဲ့ ॥
ကမ်းလှည့်ပေးအပ်ထားတဲ့
့♥♥မောင့်♥♥နှလုံးသားရဲ့အရိပ်အော က်မှာ
ကျမနှလုံးသားက ကပ်ငြိခိုဝင်
သောကအမောတွေပြည့်နှက်နေတဲ့
ဒီလူ့သံသရာတွေထဲ
အချစ်စစ်နဲ့တွဲထားတဲ့ ကျမတို့လက်တွေ
သက်ဆုံးတိုင် ခိုင်မြဲနေမယ် ॥
အလွမ်းခါးခါးတွေမခံစားလို
ုရောင်နီဦးဖြာဝေနေတဲ့
့အနာဂါတ်ခရီးလမ်းမှာ
အကြင်နာတွေ အပြန်အလှန်ပေးလှည့်
နွေးထွေးတဲ့ရင်ခွင်မှာ
ကြည်နူးရီသံချိုချိုတွေပျော်ဝင် လို့♥♥မောင်♥♥ရယ် ....
ကျမနှလုံးသွေးတွေအားလုံးထဲက
♥♥မောင့်♥♥ကိုသိပ်ချစ်နေမိ တယ် ॥
(တာယာမင်းဝေ)
ကဲအကိုကြီး ဂျူဝသန်ရေ tagကလေးကို ရေးပေးလိုက်ပြီနော်...။ မမ၀ါကို တော့ ကင်မရာ မရှိသေးတဲ့အတွက် ညီမလေးကို ခွင့်လွှတ်ပါဦးလို့ .....။

11 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

WWKM said...

ရပါဒယ် ညလေးရယ်..း(
ညီမလေးကို မမ က နားလည်ပေးရမှာပေါ့.
အာဝါး ပေးထားတာကို.ဟတ်ဟတ်.
နားလည်ပါဒယ်..နားလည်ပါဒယ်.
ပို့စ်တစ်ခုဖြစ်ဖို့ မုဒ်ဝင်မှရတာလေ.
ညီမလေးက ကဗျာလေးကိုအရင်မုဒ်ဝင်သွားတော့
မမနားလည်ခံစားပေးနိုင်ပါတယ်ကွယ်.

အဟွန့်..ဘာဒဲ့..

အကြင်နာတွေ အပြန်အလှန်ပေးလှည့်
နွေးထွေးတဲ့ရင်ခွင်မှာ
ကြည်နူးရီသံချိုချိုတွေပျော်ဝင် လို့♥♥မောင်♥♥ရယ် ....
ကျမနှလုံးသွေးတွေအားလုံးထဲက
♥♥မောင့်♥♥ကိုသိပ်ချစ်နေမိ တယ် ॥

ရွတ်..ရွတ်..ရွတ်..နိုသွားတယ်..ကဗျာလေးဖတ်ပြီး
စိတ်ကောင်းဘူး. မမ က မျက်ရည်လွယ်တယ်နော်.း)
ဂယ်ပြောတာ..( မမချစ်သော ညီမငယ် ငှက်ငယ်လေး
တစ်ယောက်.. ညီမလေးချစ်သော မောင်နဲ့ မခွဲမခွါလက်
တွဲနိုင်ပါစေကြောင်း မမ ကဆုမွန်ကောင်းချွေသွားပါ
တယ် ညီမလေးရေ.)

ချစ်တဲ့
မမ၀ါ

Welcome said...

နှစ်သက်မိတဲ့ (ဆရာ)တာယာမင်းဝေရဲ့ ကဗျာလေးကို ပြန်လည် ခံစားရတဲ့ အတွက် ကျေးဇူးပါ ညီမငယ်၊ ..

http://winzaw-mdy.blogspot.com

လုလင်ငယ်သွေး said...
This comment has been removed by the author.
Dr Phyo Wai Kyaw said...

Bro ကလည်း
မမ ၀ါလိုပဲ ဆုတောင်းပေးကြောင်း။

ဂျူဝသန် said...

ဆရာတာယာမင်းဝေ အဲဒီကဗျာရေးသွားမှန်း မသိလိုက်ဖူးဟ။ တော် ညလေး...။ ဆုတောင်းထားနော် သီလှရှင် ဝတ်ချင်လား တရားစခန်း ဝင်ချင်လား ...သင်္ကြန်ရက် ပဲနော်။

Anonymous said...

အဝေထွက်မသွားပါနဲ့ဆိုတော့ ဘာအလုပ်မှမလုပ်ရတော့ဘူးလားဗျ။
အဲဒီလောက်အထိလဲ မချစ်ပါနဲ့ဗျာ

thihanyein said...

ကဗျာကောင်းတယ်

ဇင်ယော် said...

ငှက်ပိစိ ဘယ်ကနေရှာထားပါလိမ့်။ နာတောင် မဖတ်ဖူးဘူး။ ဆရာတာရာမင်းဝေရဲ့ ကဗျာတွေကတော့ အကုန်ကြိုက်တယ်ဗျ။ ဒါနဲ့  ရရာလက်နက်စွဲကိုင်ခဲ့ပါဆိုတော့ သွားကြားထိုးတံလေး ဆွဲပြီးသွားတယ်ဟုတ်စ။ အင်း လောက်လောက်လားလားနဲ့  အားကိုးလောက်ပေရဲ့။

sait phay yar said...

ညလေးရဲ့စိတ်ကူးလေးတွေကတော်တော်လေးကောင်းတယ်နော်
လွမ်းနေတာ
ပြန်လာပြီးအာဘွားတွေပေးလို့ပျော်ပျော်လေးကိုလိုက်လာတာ

Anonymous said...

ကဗျာလေး ကြိုက်တယ်
ရေးသူကတော့ ပြောစရာ မလိုပါဘူး အရမ်းကို တော်ပြီသား
ရွေးပေးတဲ့ငှက်ပေါက်စလေးကိုတော့ ချီးကျူးပါတယ်
ကဗျာကောင်းလေး ရွေးပေးတဲ့ အတွက် :)

တက်လူငယ် said...

ဆရာတာရာမင်းဝေရဲ့ ကဗျာတော်တော်ထိတယ်။ ကောင်းတယ်။