Dec 9, 2008

ဆိုကြမယ်အော် ကြမယ်

ဘလော့ကို ပြန်ရောက်ပါပြီ....ဘာတင်ရမလဲစဉ်းစားနေတာ....ငှက်ငယ်လေး ကို တွေ့ ဖူးခင်တဲ့ သူတွေအတွက်...ဟိုတလောကအကို ကြီးဂျူဝသန် ငှက်လေး သီချင်းဆိုနေတုန်း ခိုးရိုက်သွားတဲ့ ပုံလေးတင်ပေးလိုက်ပါတယ်....။ ဒီလိုပုံ လေးပါပဲ ....။ သီချင်းဆိုတာ သိပ်ဝါသနာ ပါတာ....အိမ်မှာ ဆို ရ ရ မရ ရ အော်အော် ဆိုတာပဲ....။ ဟီးး...အခုလော လော ဆယ်တော့ မမ၀ါ အကြွေးဆပ်ဖို့ လုပ်နေတယ်း)...။ ဒါပဲနော် နောက်မှ ထပ်ဆိုပြတော့မယ်...။

8 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Dr Phyo Wai Kyaw said...

ဟားဟား..
ခရေးရေးက
ချစ်ချာလေး..
ငါ့ညီမနဲ့တော့
မတူလောက်ဘူး...
ဟိုကလေးလေးက
လိမ္မာမဲ့ပုံလေးကို။

Dream said...

ဟားဟား.... အရန်းရှစ်ချရာကောင်းဒယ်..
ထရေးလေး တီရှင်းဆိုတာ မောနေမှာဖဲ.. ရေတောက်လိုက်နော်...ရေယူရာဒယ်...
အာဝါးးးးးးးးးးးးးးးး ချစ်စရာကောင်းလို့...

ရှာလည်း ရှာတတ်တယ်... အဲ ဒီကိုရင် အာခေါင်နီ ဂျူဝသန်ကတော့.. ဟတ်ဟတ်

Welcome said...

ဟန်နဲ့ ပန်နဲ့၊ လေယူ လေသိမ်း ကောင်း၂နဲ့ ဆိုသွားလိုက်တာ ချစ်စရာလေး၊ ကြီးလာရင် အဆိုတော် ဖြစ်မလားပဲ .. ..

http://winzaw-mdy.blogspot.com

မြတ်သွယ် said...

ငှက်ငယ်လေး
ချစ်စရာလေးချစ်စရာလေး
ဘယ်လိုလေးလဲမသိဘူး
ကလေးလေးက အသံလဲကောင်း ဆိုပုံလဲကောင်း
မျက်လုံးလေးက တကယ်ချစ်စရာလေး
သီချင်းပြီးခါနီးပုံစံလေးကိုအသည်းယားလိုက်တာနော်
ပုခုံးလေးတွန့်ပုံလေးက လဲမိုက်တယ်
အားပေးတယ်ဗျို့

ဂျူဝသန် said...

ငါတောင်မေ့သလောက်ရှိနေလို့ ပြန်ကြည့်ရတယ်။ ဟုတ်ပ တော်ပ... ကိုအလှတရားပြောသလို အဲဒီကလေး လေးကလိမ်မာမဲ့ပုံပဲနော်။

Anonymous said...

ကလေးလေးက အဟုတ်ချစ်ဖို့ကောင်းတယ်..။

ဒါနဲ့ ဆိုနေတာ ဘာသီချင်းလဲဟင်..။

ဇင်ယော် said...

အဟေး ကလေးလေးသီချင်းဆိုနေပုံက တကယ့်ဝါရင့် အဆိုတော်ကျနေတာပဲ။ အဲဒါ ငှက်ပိစိလား ဟားဟား ကြံကြံဖန်ဖန် ရှာဖွေတတ်ပါပေ့။

Anonymous said...

ဟားဟား ရီနေရတယ်ဟေ့
အဲ့ဒါ ငှက်ပေါက်စလေးလား
အတောင်ပံနဲ့ ထင်နေတာ အတောင်ပံမပါဘူးနော် :P
ကလေးလေးက ချစ်စရာလေး
ဆိုလည်း ဆိုတတ်ပါတယ် ဟန်ပန်မူယာတွေနဲ့