Aug 22, 2009

လောက "ဒဏ်"

မွန်းကျပ်တဲ့ စိတ်ကို ဖောက်ထုတ်
ကြောက်ရွံ့ တဲ့စိတ်နဲ့ အရှုံးပေးရမလား..
ပြောင်းလဲ ခြင်းတွေ များနေတဲ့ဘ၀မှာ
ပျော်ရွှင်ခြင်းတစ်ခုတည်းကို ဆုတ်ကိုင်လို့ မရသေးပြန်တော့
အားမတန်လို့  မာန်လျှော့ရပြန်တယ်
လာလေဦးပေါ့လောက "ဒဏ်" ရယ်

6 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

yangonthar said...

ဒဏ်ချက်နဲ့ ဟန်မပျက်နဲ့ ဆက်သာ သွားသယ် ချင်း လမ်းတွေ့ မယ် :D
ကဗျာလေးက ကောင်းတယ်
အေးမြသာယာပါစေ

Anonymous said...

ကဗျာလေးကောင်းတယ်.. အားမတန်လို့ မာန်လျော့ရင်လဲ ခဏပဲလျော့... ဘဝဆိုတာ ဒီလိုပဲ အတက်အကျ အနိမ့်အမြင့်ဆိုတာ ရှိစမြဲပါပဲ။

Unknown said...

nice one!!!

Yu Ya said...

ဟုတ်တယ်ဗျ.. ပြောင်းလဲခြင်းတွေ အရမ်းများတယ်။ အလိုက်သင့် သူတို့နဲ့ လိုက်ပြီး ပြောင်းလဲဖို့ ကြိုးစားနိုင်ရင်ကြိုးစား.. ဒါမှ မဟုတ်ရင်တော့ ငှက်ငယ်လေးပြောသလို မာန်လျော့ပြီး ရပ်နေပါတော့လေ။

yu ya

Unknown said...

နေနည်း ထိုင်နည်း

ရင်ထဲ မှာမွန်းမွန်း ကြပ်ကြပ်နဲ့....
အသက်ရှင်သန်နေရတာ...
အရမ်းကိုပင်ပန်းလွန်းတယ်...

ပိုင်ဆိုင်ထားတဲ့ အရာတွေ.. မဆုံးရှူံးစေဖို့....
မပိုင်ဆိုင်သေးတဲ့ အရာတွေ.. ပိုင်ဆိုင်နိုင်ဖို့....
ကြိုးစားရင်း ...ကြိုးစားနေရင်းနဲ့....
တစ်နေဝင်လို့..တစ်နေထွက်...
နေ့ရက်တွေကို....လတွေကဝါးမြိုစားပြီး...
တစ်နှစ်ပြီးတစ်နှစ်နဲ့...ငါတို့တွေရဲ့ အသက်တွေဘဲ
တဖြေးဖြေးနဲ့...........
ကြီး..ကြီး..လာတယ်...

ငါတို့တွေရဲ့ 
အိမ်မက်တွေကတော့..
ဟိုး..ဟိုအဝေးမှာ..
မှုန်လို့ ဝါးလို့ ကောင်းနေတုန်း...

မနက်ဖြန် မနက်မှာ...
ငါတို့တွေ...မျက်နှာသစ်ရဖို့ကရော...
သေရော.....သေချာလို့လား...

မသေချာခြင်းတွေဘဲ သေချာနေတဲ့ဘဝထဲမှာ...
စိတ်ကိုဖြေးဖြေးလေးလျော့...
လောဘခပ်ပါးပါးနဲ့...ပြုံးပြုံးလေးနေပြီး
အသက်ရှူပစ်လိုက်စမ်းပါ.....

ဟိုးအရှေ့ ဆီမှာ...ငါတို့တွေလျှောက်လှမ်းရမဲ့...လမ်း
ကန္တာရ...ခရီးကြမ်းတွေ.....
အများကြီး....အများကြီးကို....
ကျန်နေသေးတယ်။

နွေဆူးလင်္ကာ said...

လောကကြီးမှာ ဘာကို ကြောက်လို့ ကြောက်ရမှန်းမသိတာ ကြောက်စရာအကောင်းဆုံးပဲ။