May 11, 2010

စိတ္တဇလမ်းမများ

သတိတရနဲ့ ပြန်လည်တူးဖော်ကြည့်တိုင်း
နှလုံသားလေး စူးနင့်နာကျင်နေရတယ်

ခြေတစ်လှမ်း လှမ်းတိုင်း

မင်းနာမည်ကိုမှ တဖွဖွ

ရေရွတ်မိနေတုန်း ...


မပြောရက်ခဲ့ပါဘူး

မှော်မတတ်တဲ့ငါ့ကိုမှ

ဘာကြောင့်ရွေးပြီး ပစ်ခတ်ခဲ့သလဲ လို့ ..

မေးလဲမမေးရက်ခဲ့ဘူး

အချစ်ဆိုတာက

ကြားနေကျအတုအယောင်တွေထဲကတစ်ခုပဲ လား လို့ ..


ခွဲခွာခြင်းတွေ လိမ့်ဆင်းလာတဲ့

မင်းရင်ခွင်ကမ်းပါးမှာ

တစ်စုံတစ်ရာမစွန်းထင်းခဲ့ေ ပမယ့်

အမည်မဖော်နိုင်တဲ့ဝမ်းနဲကြေကွဲဖွယ်ရာ
တစ်စုံတစ်ရာတွေဟာ
ငါ့မျက်ဝန်းမှာ တွဲလွဲခိုနေခဲ့တယ်…

(သုည)

3 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

Anonymous said...

ခြေတစ်လှမ်း လှမ်းတိုင်း
မင်းနာမည်ကိုမှ တဖွဖွ
ရေရွတ်မိနေတုန်း ...

သူရေးတာဆိုတော့ သူရေးတာပေါ့နော် :D
ကောင်လေးတော့ ခလုတ်တိုက်တော့မှာပဲ...
ကဗျာလေးက နူးညံ့လွန်းတယ်...ကဗျာကောင်းလေးတပုဒ်ပါ

ဖြိုး said...

အကို့ကဗျာလေးကိုကြိုက်တယ်.
ခံစားချက်နဲ့ပဲတိုက်ဆိုင်နေလို့လာယတော့မသိဘူး။
စိတ်မရှိနဲ့နော်...ယူသွားပြီ...

Unknown said...

တကယ်ပဲဗျာ... စိတ်ကူးတွေကိုပုံဖေါ်ချလိုက်တာ လေးစားမိတယ်