Jun 22, 2008

ဗုဒ္ဓဘာသာ သည်လွတ်လပ်သောတရား


မနေ့ က မြန် မာ ပြည် က ဖေဖေ့ သူ ငယ်ချင်းတစ်ယောက်ရောက် လာတော့ ...၀ါဂွမ်းအတွက်လက်ဆောင်ဆိုပြီး ဆရာတော် ရဲ့ ...လွတ်လပ်သောစိတ် ဆိုတဲ့စာအုပ်လေးလက်ဆောင်ရလိုက်လို့ အရမ်းပျော်နေပါတယ်...။ဒါကြောင့် ပို့ စ်တင်မယ်...

...............................................................................

ဗုဒ္ဓဘာသာ က ဘယ်တော့မှ သူတို့ ပြောတာ မှားနေတယ် ''မယုံနဲ့ '' လို့ မပြောဘူး။ယုံပါ ယုံရမယ် လို့ ပြောရင် ဘုန်းကြီးက ဘာပြန်ပြီနောက်ဆရာ တစ်ယောက် ယုံခိုင်းနေပြန် ပြီ လို့ တွေးပြီး လက်ခံမှာမဟုတ်ဘူး..။ စိတ်ဝင်စားမှာမဟုတ်ဘူး ။ လက်တွေ့ စမ်းကြည့်ပါလို့ ပြောလို့ ဘုန်းကြီး က လက်တွေ့ စမ်းကြည့်တာ..။ စာတွေ့ လောက်နဲ့ မှန်တယ် မှားတယ် ဆုံးဖြတ်လို့ မရဘူး...။လက်တွေ့ မှရမှာ..။ မှန်ကန်တိကျတဲ့ ကြောင်းအကျိုး အထောက်အထားမရှိပဲ မှန်တယ်လို့  ပြောတာကို လက်မခံနိုင်ပါဘူး..။အဲလိုသာလက် ခံနေရင် ခေါင်းက အမှိုက်ပုံးဖြစ်သွားမှာပေါ့...။ တစ်ချို့ ကပြောတယ် အထောက်အထားမရှိပဲ ယုံတာမှ တကယ်ယုံတာ..။ အထောက်အထားခိုင်လုံမှ ယုံတာ က တကယ့်ယုံတာမဟုတ်ဘူးတဲ့...။တကယ်ေ တာ့ ယုံတာ က အဓိက အဟုတ်ဘူး...သိတာက အဓိက...။မယုံကြည်ရင် အပြစ်ရှိတယ်လို့ ပြောတာလည်း အများကြီး ...။ယုံရင်အပြစ်ရှိတယ်လို့ ပြောတာလဲအများကြီး ။အဲတော့ကြောက်ကြောက်နဲ့ ယုံလိုက်တာပဲ...။
အကြောင်းအကျိုးကို ကိုက်အောင် စဉ်စားနိုင်တဲ့ လူ့ အရည်အချင်းကို ပိတ်ပင်တာ ..ဖျက်စီးတာ ဟာ ..ဒါဟာအကြီးလေးဆုံး အပြစ်တစ်ခုပဲ ။ အမှန်တရားကို မသိအောင် ပိတ်ပင်တာ အမှားဆုံးလုပ်ရပ်ပဲ..။

0 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ: