Jun 22, 2008

မိမိပြောမဲ့ စကားတစ်ခွန်း

စကားဆိုတာ ပြေသင့်မှပြောရတယ်နော်.... . အထူးသဖြင့် မိမိပြောမဲ့စကားက သူတစ်ပါးကို ထိခိုက်နိုင် တယ်ဆိုရင် မပြောပဲ နေတာက ပိုသင့်တော်ပါတယ်....။ ၀ါဂွမ်းစိတ်ကိုပြောပြတာပါနော်.. ... ၀ါဂွမ်းစကားတစ်ခွန်းပြောမယ်ဆို အများကြီးစဉ်းစားတယ်... စက္ကန့် ပိုင်းလေးပဲအချိန်ရတယ်ဆိုရင်တောင် အဲဒီအချိန်လေးအတွင်းမှာ စဉ်းစားလိုက်တယ်...။ မိမိပြောမဲ့စကားရယ် ... မိမိရည်ညွန်းပြီးပြောမဲ့သူရယ်.. .အဲဒီသူ က ၀ါဂွမ်းဒီလိုပြောလိုက်မယ်ဆိုရင် သူ့ စိတ်ထဲဘယ်လိုခံစားသွားရမလဲ ဆိုတာကို သူ့ နေရာက ၀င်ပြီး စဉ်းစားကြည့်သေးတယ်.....။ မိမိပြောတဲ့စကား တစ်ခွန်းကြောင့် သူတပါးကို မထိခိုက်စေချင်ဘူး....။ ၀ါဂွမ်းဖတ်ဘူးတဲ့တရားစာအုပ် တစ်ခုမှာ တွေ့ ဘူးတယ်... ''လူတစ်ယောက်နဲ့ အစဉ်မပြေဖြစ်လိုက်တိုင်း ဖြစ်လိုက်တိုင်း လောကကြီးက ကျဉ်းကျဉ်းသွားတယ်'' လို့ တရားစာအုပ်ထဲမှာရေးထားတယ် ....။ အဲဒါသိပ်မှန်တယ်နော်... ဘာလို့ လဲဆိုတော့ ၀ါဂွမ်း ကိုယ်တွေ့ ကြုံဘူးလို့ ပဲ...။ လူတစ်ယောက်ရဲ့ စကားတစ်ခွန်း ကြောင့် ၀မ်းနည်းမှူတွေ ခံစားရတိုင်း မိမိကြောင့်သူတစ်ပါး အဲလိုမျိုးစိတ်ထိခိုက်သွား မှာကိုမလိုလားဘူး...။

0 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ: