Jul 25, 2009

လက်ဆောင် (၁)

ထာဝရမိတ်ဆွေ
လောကမှာ အတတ်ပညာနဲ့ သူသော မိတ်ဆွေဟူ၍ မရှိ။
အနာရောဂါနှင့်တူသော ရန်သူဟူ၍မရှိ။
မိမိကိုယ်နှင့်တူသော ချစ်သူဟူ၍မရှိ။
လုပ်အားနှင့်တူသော စွမ်းအားဟူ၍မရှိ။
လောကနီတိထဲမှာ ဆိုထားတယ်။
ဒီတော့ ..
ကိုယ့်ရဲ့ ထာဝရမိတ်ဆွေ အတတ်ပညာကို
အသေအချာ သင်ယူပါ။
ကိုယ့်ရဲ့ ရန်သူ အနာ ရောဂါ အမထူပြောအောင်
ဂရုစိုက် စောင့်ရှောက်ပါ။
မိမိချစ်သူ မိမိကိုယ်ကို
စိတ်ချမ်းသာပျော်ရွှင်အောင် ထားပါ။
မိမိစွမ်းအားတွေ မြင့်မားစေဖို့ 
အလုပ်များများလုပ်ပေါ့ .. ။
...
ပြောသင့်မသင့်

Think what you like,
say what you thought.

ကြိုက်တာစဉ်းစား၊ ပြောသင့်တာပဲပြော။
စဉ်းစားတာတွေ အကုန်လျှောက်ပြောနေရင်
ငပေါကြီးဖြစ်သွားမှာပေါ့ ...

ဒါကြောင့်...
ကိုယ်သိတာတွေ အကုန်လျှောက်မပြောနဲ့ 
ကိုယ်စဉ်းစားထားတာတွေလည်း အကုန်မပြောနဲ့ 
ကိုယ်မြင်တွေ့ တာတွေလည်း အရမ်းမပြောနဲ့ ။
ပြောသင့်ပြောထိုက်တာကိုပဲ ရွေးချယ်ပြောပါ..။
...
စိတ်ညစ်တဲ့အခါ

စိတ်ညစ်တယ် စိတ်ညစ်တယ်ဆိုပြီး
ညည်းညူစိတ်ပျက် အားငယ်နေလို့ 
စိတ်ညစ်တာ ပျောက်မသွားဘူး။
ပိုစိတ်ညစ်လေ၊ စိတ်ညစ်စရာ ပိုများလာလေပဲ။

တကယ်စိတ်ညစ်ပျောက်ချင်ရင်
စိတ်ညစ်ရတဲ့ အကြောင်းအရင်းကို ရှာ။
ကိုယ်စွမ်းရှိသမျှ ဖြေရှင်း။
ကိုယ်ဖြေရှင်းလို့ မရတဲ့ကိစ္စဆို
ဘုရားအားကိုး၊ တရားအားထုတ်၊
ကိုယ့်အလုပ် ကိုယ်ကြိုးစားလုပ်
အချိန်တန်တော့ စိတ်ညစ်စရာတွေ
ပျောက်သွားလိမ့်မယ်။
(ကောင်းသန့် ဧ။်သမီးလေးဖတ်ဖို့ စာအုပ်မှ ပြန်လည်မျှဝေသည်)

4 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

kyalkalay said...

ပြန်လည်မျှဝေမှူ့အတွက် ကျေးဇူး
လေ့လာမှတ်သားသွားပါ၏

မင်းနေ said...

ကြိုက်တာစဉ်းစား၊ ပြောသင့်တာပဲပြော။
စဉ်းစားတာတွေ အကုန်လျှောက်ပြောနေရင်
ငပေါကြီးဖြစ်သွားမှာပေါ့ ... တဲ့
မှတ်သားထိုက်ပါတယ်ဗျာ ...

Anonymous said...

မှတ်သားစရာများ တန်ဖိုးကြီးလှပါ၏း)

Anonymous said...

ဒီပို့လေးတော့ ကြိုက်တယ်ဗျား မှတ်သားစရာပါပဲ