Sep 24, 2009

အမည်မသိ ကဗျာ

ငါလိုချင်တာ သတိရခြင်းတခုထက်မပိုခဲ့ပါဘူး
ဒါပေမဲ့ ဥပခါပြုကောင်းကင်ကြီးက
စာနာစိတ်တခုနဲ့ ငါတမ်းတမှုကို
ယောင်လို့ တောင့်လှည့်မကြည့်ခဲ့ဘူး...။

ငါအမျှော်လင့်ရဆုံး အနာဂါတ်လမ်းမှာ
နင်ဝေဒနာတွေဖြန့် ကြဲတော့
တမက်တမောနဲ့ လိုက်ကောက်......
အမြတ်တနိုး သိမ်းထားတက်တာက
ခပ်ညံ့ညံ့ အိမ်မက်တွေကိုတန်ဖိုးထားတဲ့
အသုံးမကျတဲ့ငါ....။

ငါလိုချင်တဲ့အရာတွေအတွက်
ငါ့ဘက်ကပြန်ပေးဆပ်ခဲ့တာတောင်
သစွာတရားနဲ့ ချစ်တက်ခြင်းရဲ့ ရလဒ်က...
အမည်မသိ ခံစားချက်တွေနဲ့ 
မွန်းကျပ်စွာ ဖောက်ထုတ်ခဲ့တဲ့
ငါ့ကဗျာတွေ ရှိုက်သံထပ်စေခဲ့တယ်...။

9 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ:

yangonthar said...

ကဗျာလေး ဖတ်သွားတယ် ငှက်ငယ်လေးရေ ...... ခံစားချက်တွေပါနေတယ် .... စိတ်မကောင်းဖြစ်နေသလား ..... ???
ပျော်ရွှင်ပါစေ
ရန်ကုန်သား :)

မေလေး said...

ကဗျာလေးကိုခံစားချက်မပါဘဲရေးတာဖြစ်ပါစေလို့ ဆုတောင်းမိတယ်
ညီမလေးခံစားရမှာစိုးလို့ပါ

Unknown said...

သူများရင်ထဲ ဘယ်အချိန် ၀င်ပြီး ထုတ်သွားလည်းမသိဘုး...

ခံစားချက်တွေ ကွက်တိပဲ...

ဝေ့... ငှက်ငယ်လေး..

ရှိုက်သံတွေကြားနေရတယ်....

မျှော်လင့်ပြီးမျှော်လင့်သလိုဖြစ်မလာတော့
ကြေကွဲကြ ငိုကြွေးကြ ပူဆွေးကြပေါ့....

Angel Shaper said...

အင်းးးးးးးးးးးးး
အမည်မသိတဲ့ ခံစားချက်လေးတွေနဲ့ ကဗျာကို
အမည်တပ်မရတဲ့ ရင်ထဲကနေ လှိုက်လှဲစွာ ခံစားသွားပါတယ်။ ထိမိလှတဲ့ ကဗျာလေးတွေ နောက်ထပ် ဖန်တီးပါ။ ဒါပေမယ့် သိပ်မခံစားမိစေနဲ့လို့ သတိပေးလိုက်မယ် ပင်ပန်းပါတယ်လေနော်။

လင်းကြယ်ဖြူ said...

ကဗျာလေးလာဖတ်သွားပါတယ်ခင်ဗျာ
ပျော်ပါစေ

ဝက်ဝံလေး said...

ကဗျာလေး ဖတ်သွားပါတယ် ငှက်ငယ်လေးရေ အခုမှပြန်ရောက်တယ် ဆိုတော့ နေရော ကောင်းရဲ့လား ဂရုစိုက်နော် ဘိုင် တာ့တာ

မင်းနေဝေး said...

ကဗျာလေးကောင်းတယ် ...
ဒါနဲ့များ ... ဟာဟ

Anonymous said...

ငါဖြစ်ချင်တာတွေ ငါလိုချင်တာတွေ သိပ်များနေတော့လဲ.......။

alfred2rdj said...

i like ur poem ,for deeply hearded