လောကမှာ...ကျမအကြောက်ခဲ့ရဆုံး...မဖြစ်ချင်ခဲ့ဆုံးအရာတွေကို...ကျမရင်ဆိုင်နေရပြီ...။ ယုံကြည်မှုနဲ့ ပေးဆပ်ခဲ့တဲ့ သစ္စာတရားတိုင်းမှာ..အရှုံးတွေချည်းရှိနေတက်မှန်းကျမ..မသိခဲ့ရဘူး...။ အနိုင်လိုချင်သူတွေကျေနပ်ပါစေ.....ဆိုပြီး အရာရာကိုနှုတ်ပိတ်ပြီး တိတ်တဆိတ်ပဲ ကျမတယောက်တည်းနေတက်ချင်ပါတယ်...။ ဆုံးရှုံးမှုတွေ တခါကြုံရတိုင်း...လူတွေနဲ့ အဝေးဆုံးတနေရာကို ပြေးထွက်သွားချင်ခဲ့ဖူးတယ်...။ ဒီလိုနဲ့ ပဲ ဘ၀ကိုအရှုံးပေးရတော့မှာလား...။ ဖြစ် ချင်တာတွေနဲ့ ဖြစ်သင့်တာတွေ ဒွန်တွဲလာတဲ့အခါတိုင်း ကျမဘာမှမဆုံးဖြတ်တက်ဖူးဖြစ်ခဲ့ရတယ်...။ အဲအချိန်တွေဆိုလေ...မေ့မေ့ရင်ခွင်ထဲဝင်ပြီး အားရပါးရငိုပြစ်လိုက်ချင်တာ..ဒါပေမဲ့ ကျမ၀မ်းနည်းမှုတွေကြောင့် မေမေရသွားမဲ့ ဂရုဏာသောကတွေကို ကျမ..မလိုချင်ဘူး...။ ကျမစိတ်...ကျမခံစားချက်တွေကိုနားလည်ပေးနိုင်တာ...ကျမနေနေကျ အခန်းကျည်းလေးထဲက နံရံတွေရယ်...ကျမရေးနေကျစာအုပ်လေးရယ်..ပဲရှိခဲ့ဖူးတယ်...
ငါမပိုင်တဲ့ငါ့ခံစားချက်...
ငါမပိုင်တဲ့ ငါ့စိတ်
ငါမပိုင်တဲ့ ငါ့အတိတ်
ငါမပိုင်တဲ့ ငါ့အနာဂါတ်အတွက်
ဒီနေ့ ငါ...
ကံကြမာကြိုးဆွဲရာ ကနေရပြန်တယ်...။
Jan 27, 2010
မပိုင်ဆိုင်ခြင်းများ
Post By ငှက်ငယ်လေး at 9:02 PM 2 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ
Labels: စုတ်ချက်များ
May 2, 2009
သမီးအလိမ္မာ
.......တနေ့ ယွန်းပါရဲ လို့ အမည်တွင်တဲ့ သမီးကြီးက အိမ်မှာ သူသာ မရှိရင် အဖေ အမေတို့ သူ့ တယောက်စာ သက်သာမယ်လို့ စိတ်ကူးနဲ့  မိဘတွေကို တိုင်ပင်ပြီး နေအိမ်ကနေ ထွက်သွားရှာတယ်...။ ယွန်းပါရဲ ကမြို့ တမြို့ ကို ရောက်သွားပီး အိမ်တစ်အိမ်မှာ အိမ်ဖော်မလေး အဖြစ်နဲ့ အလုပ်လုပ်နေတာပေါ့...။ အိမ်ရှင်တွေက လည်း လိမ္မာပြီး အလုပ်ကြိုးစားတဲ့ သူမကို အလွန်နှစ်သက်ကြတယ်...။ အစားကောင်းတွေလည်းစားရတယ် ။ ဒါပေမဲ့ သူမဟာ ၀မ်းစာရေးအတွက် အလွန်ပင်ပန်းကြီးစွာ လုပ်ကိုင်ရှာဖွေစားသောက်နေရတဲ့ မိဘတွေကို အမြဲသတိရပြီး မပျော်နိုင်ရှာပါဘူး..။ သူ့ မရဲ့ မောင်နှမသားချင်းတွေကိုလည်း အမြဲသတိရနေတော့တာပဲ...။
......တနေ့ မှာတော့ သူ မရဲ့ ဖခင်ဆီက နေစာတဆောင်ရောက်လာသည်...။ သူ မမိခင် မှာ ရုတ်တရက် လေဖြတ်ပြီး အိပ်ရာမှ မထနိုင် ဖြစ်နေပြီး ၊ ပြုစုမဲ့သူမရှိတာကြောင့် သူမအားပြန်ခေါ်သောစာတစ်ဆောင်ဖြစ်လေသည်...။
......ယွန်းပါရဲလည်း ချက်ချင်းပြန်အိမ်ပြန်ခဲ့တယ်...။ မိသားစု တစ်စုလုံးကို ပင်ပန်းဆင်းရဲကြီးစွာ အလုပ်ကြွေးပြုရှာသည်...။ တနေ့ မှာတော့ သူမဖခင်လည်း အလွန်တရာမှ ဖျားနာပြီး ဖြစ်တော့တယ်...။ ထိုအခါမှာတော့ ယွန်းပါရဲဟာ ဖခင်နေရာ ကအလုပ်တွေကိုလည်း သိမ်းကြုံးပြီးလုပ်ရတော့တာပေါ့...။ ဒါပေမဲ့ ၁၀ နှစ်လောက် အကြာမှာတော့ ဖခင်ဖြစ်သူ မှာ ကွယ်လွန်ခဲ့လေသည်...။
......ယွန်းပါရဲ ဟာ လယ်ထဲဆင်းပြီး အလုပ် လုပ် ရယုံထင်မကပဲ ရက်ကန်းလည်း ရက်ပြီး မိသားစုကို စောင့်ရှောက်ရှာတယ်...။ တနေ့ မှာတော့ သူမရဲ့ မိခင်ဖြစ်သူဟာ ဘုရားကြောင်းကို အလွန်တရာမှ သွားချင်တာကြောင့် သမီးဖြစ်သူကို ပို့ ပေးဖို့ ပြောရှာတယ်..။ ဒါနဲ့ ပဲ ယွန်းပါရဲ ဟာ လေဖြတ်နေတဲ့ မိခင်ဖြစ်သူကို ဘုရားကြောင်းကို ခေါ်သွားခဲ့တာပေါ့...။ သူမဟာ လက်တစ်ဖက်နဲ့ မိခင်ကို ဖေးမတွဲခေါ်တယ်...။ အခြားတဖက်ကတော့ ခေါက်ကုလားထိုင်ကို သယ်ဆောင်ခဲ့တယ်...။ ခြေလှမ်းသုံးလှမ်း လှမ်းပြီးတိုင်းမှာ သူမဟာ ကုလားထိုင်ကို ဖြန့် ခင်းပြီး မိခင်ကို ထိုင်ပြီး အနားယူခိုင်းတယ်...။ ခြေလှမ်း သုံးလှမ်းလှမ်းလိုက်၊ ထိုင်နားလိုက်နဲ့  ၁နာရီခန့် အကြာမှာတော့ ဘုရားရှိခိုးကျောင်းကို ရောက်ရှိလေတော့တယ်..။
.....တကယ်တမ်းမှာတော့ ဘုရားရှိခိုးကျောင်းဟာ သူမအိမ်နဲ့ နီးနီးလေးပါပဲ...။ သာမာန် သူများအဖို့ တော့ ၅ မိန်စလောက် လမ်းလျှောက် တာနဲ့ ရောက်နိုင်ပါတယ်...။ဒါပေမဲ့ ယွန်းပါရဲ ဟာ သူမမိခင်ရဲ့ ကိုယ်ကို မသယ်နိုင်တဲ့ အပြင် သူတစ်ပါးအား သူမအတွက် အလုပ် ပိုမည်ဆိုးသဖြင့် ထိုနည်းဖြင့် ပို့ ပေးခဲ့ခြင်းဖြစ်ပါတယ်...။ ရွာသူရွာသားများက လည်း မိခင်အပေါ် အနွံတာ ခံ ပင်ပန်းဆင်းရဲခံပြီးပြုဆုပေးတဲ့ ယွန်းပါရဲကို ချီးကျူးကြတယ်...။ ကရုဏာလည်း သက်ကြတယ်..။ ဒါကြောင့် တချို့ သူတွေက သူမကို "ယွန်းရယ် ညဉ်းအမေကို ခိုကိုးရာမဲ့ ဂေဟာကို ပို့ လိုက်ပါလား၊ ကြာရင် ညဉ်း လဲလိမ့် မယ်" ဆိုပြီး ကရုဏာဇောနဲ့ ပြောကြတယ်..။ သူမဟာ မိခင် ကို ထိုနေရာမျိုးမပို့ နိုင်ကြောင့် အပြင်းအထန်ငြိင်းဆိုခဲ့တယ်...။ ထိုအခါ ရွာသားတွေက "ဂေဟာက ညဉ်းအမေကို ကျွေးမွေးစောင့်ရှောက်မှာပါ၊ ပူစရာမလို ပါဘူး " လို့ ပြောကြတာပေါ့...ဒါပေမဲ့ သူမဟာ "ဂေဟာ က အမေ့ကို ကောင်းကောင်း ကျွေးမွေး စောင့်ရှောက်ကြ မှာပါပဲ...။ ဒါပေမဲ့ အမေ့ကို ကျွန်မ ပေးအပ်တဲ့ ကရုဏာမျိုး၊ မေတ္တာမျိုး ၊ စေတနာမျိုးကို တော့ သူတို့ ပေးနိုင်မှာ မဟုတ်ပါဘူး " လို့ ပြောခဲ့တယ်...။
......ရွာသားတွေကလည်း သူတို့ မိသားစုလေးကို သနားပြီး တဖက်တလှမ်းကနေ စောင့်ရှောက်ကြတာပေါ့...။ ဒီလို နဲ့ နေလာရာ ကနေ နှစ်အတန်ကြာတဲ့ အခါ သူမမိခင် ကနားပင်းသွားပြန်တယ်...။သူမဟာ အရင်ထက်ပိုပြီး မိခင်ကို စောင့်ရှောက်ရတော့ပြန်တာပေါ့။ မိခင်ရဲ့ ဒုက္ခ အားလုံးကို သမီးယူထားလိုက်သလို ဖြစ်တော့တာပေါ့ ။ မိခင်က တော့ သူမရဲ့ စောင့်ရှောက်မှုတွေကြောင့် သက်သာရာရပြီး နုပျိုလန်းဆန်းနေပေမဲ့ ၊ ယွန်းပါရဲခမျာ မှာတော့ ပင်ပန်းဆင်းရဲတဲ့ ဒဏ်တွေ ကြောင့် အရွယ်နဲ့ မမျှအောင် အိုးမင်းရင့်ရော် နေရှာတယ်..။
.......ရွာသူ ရွာသားတချို့ ကဆို " ကြည့်စမ်း ပါဦးကွယ် အမေက သမီးဖြစ်ပြီး ၊ သမီးက အမေပြန်ဖြစ် နေပြီ" ဆိုပြီး ပြောဆိုတက်ကြတယ်...။ ဒါကိုပဲ ယွန်းပါရဲက နှစ်သက် သဘောကျနေတော့တယ်...။ သူမဟာ ဒုက္ခိတမိခင်ကို ပြုစုစောင့် ရှောက်လာခဲ့တာ နှစ်ပေါင်း ၂၅ နှစ် တိုင်ကြာခဲ့တယ်...။ ၂၅ နှစ်ကြာတဲ့အခါမှာတော့ မြို့ မှ လူကုံထံ တစ်ဦးဟာ သူမရဲ့  အနစ်နာခံမှု နှင့် မိသားစုအပေါ် ထားရှိသည့်ကြီးမား သော မေတ္တာ စေတနာတွေကို သိရှိသွားပြီး...ချီးကျူးဂုဏ်ပြုကာ ဆုငွေ အမြောက် အမြားကို ပေးအပ် ချီးမြှုင့် ခဲ့လေသည်...။
.......ထိုအခါ မှစပြီး အညတရ ဆင်းရဲ သူမလေး "ယွန်းပါရဲ" ရဲ့ အမည်ဟာ ပြင်သစ် တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာ လုံးထင်ရှားကျော်ကြားသွားတော့လေသည်...။
( သြဂုတ် လ ၁၉၇၆ ငွေတာရီ မဂွဇင်း၊ မှ ပြန်လည် မှီဝဲရေးသားသည်)
"တခါတလေ မိဘတစ်ယောက် အတွက် သားသမီးမရှိလည်း ဘာမှ မဖြစ်နိုင်ပေမဲ့
သားမီးတွေအတွက် တော့ မိဘဆိုတာ အလွန်တရာ မှပဲ လိုအပ်ပါတယ်...။"
"သားမီး ၁၀ ယောက်ကို မိဘတစ်ယောက် က အလုပ်ကြွေးပြုဆုနိုင်ပေမဲ့
တခါတလေ သားသမီး ၁ ယောက်က မိဘ တယောက် ကို ပြုဆုနိုင်ချင်မှပြုဆုနိုင်မှာပါ"
"တခါတလေ သားသမီးတစ်ယောက်က မိဘ ကို ပြုဆုချင်ပေမဲ့
မိဘကလက်မခံ မလိုချင်တဲ့ အခါ...အဲဒီ စေတနာ ၊ အဲဒီ အကြင်နာ ကို ဘယ်သူ့ ကိုသွားပေးရမှာလည်း"
"တခါတလေ သားမီးတယောက် ကမိဘမေတ္တာကို လိုချင်ပေမဲ့
အကြောင်းတစ်ခုခုကြောင့် မိဘက မပေးနိုင်တဲ့ အခါ ...အဲဒီအကြင်နာ အဲဒီမေတ္တာဘယ်သူ့ ကို သွားတောင်းရမှာလည်း"
"တခါတလေ မိသားစု နဲ့ အဆင်မပြေလို့ အပြင်ကို ထွက်သွားတဲ့အခါ
အပြင်မှာ သူစိမ်းတွေနဲ့ ထာဝရပျော်နိုင်ပါ့မလား? "
"မိဘမေတ္တာ ကို ဘယ်အချိန်တွေမှာ သိခွင့်ရပြီး
ဘယ်လို အချိန်တွေ ကျမှ ပေးဆပ်ခွင့်ရမှာလဲ "
ဘ၀ ဆိုတာ ဒဏ်ရာ တစ်ခုမဟုတ်ပါဘူး...ဒါပေမဲ့ တခါတလေ ဘ၀မ်းမှာဒဏ်ရာခင်းပြီးလျှောက်ရတက်တယ်...။
(ယွန်းပါရဲ လောက် မကျော်ကြားချင်ပါဘူး...ဒါပေမဲ့ သူ့ လို အခွင့်ရေး တခုလောက်တော့ လိုချင်တယ်)
(ငြိမ်း (ခ) ငှက်ငယ်လေး)
Post By ငှက်ငယ်လေး at 5:53 PM 9 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ
Labels: စုတ်ချက်များ, ဖတ်စရာမှတ်စရာ, ဗဟုသုတပုံပြင်
Sep 3, 2008
စကားသုံးခွန်း
တနေ့ ကောင်မလေးနဲ့ ကောင်လေးချစ်သူ နှစ်လမ်းလျှောက်ထွက်ရင်းမှ အိမ်အပြန်
ကောင်မလေး။ ။ ကျမကိုတကယ်ချစ်ရဲ့ လား
ကောင်လေး။ ။အင်းပေါ့
ကောင်မလေး။ ။ကိုယ်တိုင်ပြောတာကို ကြားချင်တယ်
ကောင်လေး။ ။ပြောစရာမှမလိုတာ
ကောင်မလေး။ ။ဘာလို့ မလိုတာလဲ
ကောင်လေး။ ။ဘာလို့ လဲဆိုတော့
ကောင်မလေး။ ။ ကျမ ကိုချစ်တယ်လို့  ကိုယ်တိုင်ပြောတာကို ကြားချင်တယ်
ကောင်လေး။ ။ပြောလို့ မရဘူး
( ကောင်မလေး ၀မ်းနည်းသွားပြီး မျက်ဝန်းထက်မှ မျက်ရည်များဝေ့၀ဲလာသည်)
ကောင်မလေး။ ။ဒါဆို ကျမကို မချစ်ဘူးပေါ့
သူတို့ ၂ တယောက်ကို တယောက် စကားမပြောတော့ပဲ တိတ်စိတ်စွာ အိမ်ပြန်ခဲ့ကြသည်။
ကောင်မလေးအိမ်ရှေ့ အရောက်
ကောင်မလေး။ ။ဘာဖြစ်လို့ လဲဟင်
ကောင်လေး။ ။ မင်းတကယ်ပဲသိချင်တာလား
ကောင်မလေး။ ။ အင်း (၀မ်းနည်စွာဖြင့်)
ကောင်လေး ကသူ့ ချစ်သူကောင်မလေးကို နွေးထွေးစွာဖက်ထားလိုက်ပြီး...ကောင်မလေးရဲ
့ပါးပြင်လေးကိုညင်သာစွာနမ်းလိုက်သည်။
ကောင်လေး။ ။ "ဘာလို့ လဲဆိုတော့ မင်းကို ငါချစ်တဲ့ အချစ်တွေက အဲဒီ စကား သုံးခွန်းထဲနဲ့ မပြည့်စုံနိုင်လို့ ပဲ"
("Three Words" အချစ်ပုံပြင်လေးကို စီလျှော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။)
Post By ငှက်ငယ်လေး at 9:58 PM 2 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ
Labels: စုတ်ချက်များ
Aug 31, 2008
ကြေကွဲစ
တချို့ သောလူတွေကအချစ်ကို ကိုးကွယ်ကြတယ်ငါ့က နင့်ကို ကိုးကွယ်ပြီးချစ်ခဲ့တာပါ ။နင်နဲ့ ပါတ်သတ်သမျှ ငါအကောင်းထင်ခဲ့တယ် ၊ နင့်ကို လည်း အကောင်းမြင်ခဲ့ပါတယ်။မှန်လားမှာ လားလဲငါမသိချင်ဘူးအချစ်ဆိုတာ အမှား၊ အမှန်ခွဲခြားတက်တဲ့ဦးနှောက်မှမ ရှိတာ..အရာအားလုံးကကြေကွဲဖို့  ကြည်နူးခဲ့တာဆိုရင် ...နင်နဲ့ ပါတ်သတ်တဲ့ အဲဒီကြေကွဲစတွေ ငါတစခြင်းစီလိုက်ကောက်လိုက်ပါ့ မယ်
Post By ငှက်ငယ်လေး at 2:49 AM 1 ယောက်က ဒီလိုလေးတွေပြောသွားကြပြီ
Labels: စုတ်ချက်များ