ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကြားမှနေရပေမဲ့
အိမ်ကျိုအိမ်ကြားက တဲပုတ် ကလေးက
ကျမ ညတိုင်း မက်တဲ့အိမ်မက်ပါ။
ကလေးက အစ " ဟလို " ဆိုတဲ့ နှုတ်ဆက်သံတွေကြားတိုင်း
ရွာ ဦး ကျောင်း ခေါင်း လောင်း သံကြား
မင်္ဂလာပါ နှုတ်ဆက် ဖူးတဲ့ ကျောင်းလေးကို သတိရတယ်။
YOU and I ဆိုတဲ့ စကားနှစ် လုံး မဖြစ် မနေပြောနေရပေမဲ့ 
ခေါင်းငုံ့  လက်ပိုက် ဖြတ်လျှောက်တက်တဲ့
အကျင့်ကို တော့ဘယ်တော့မှ မဖျောက်ပါဘူး ။
ဝက်သားနဲ့ ဘာဘီကျူးကို စားနေ ချိန်မှာ
အမေ့ ချွေးနှဲစာ နဲ့ ကြွေးတဲ့
့ပဲပြုတ် နဲ ထမင်းကြမ်းကို အမှတ်ရတယ်။
မက်ဒေါနယ်က ဟန်ဘာကာနဲ့ 
ကိုကာကိုလာကို အစာပြေသုံး ဆောင်နေပေမဲ့ ...
လက်ဖက်သုတ်နဲ့ ရေနွေးကြမ်းလောက်မနှစ်သက်ဖူးပါဘူး။
ပျော်ရာ မှာ မနေ တော်ရမှာ နေ
ကျောင်း လခပေးနိုင်အောင် ကြိုးစားနေတဲ့အချိန်
အင်းလျှားလမ်း မှာ အတွဲကိုယ်စီနဲ့ လမ်းလျှောက်နိုင်တဲ့
မင်းတို့ ဘ၀တွေကို လည်း အားကျပါတယ်။
လုပ်ငန်းခွင်ပြီးလို့  ကျောင်းကို အပြေးသွားတဲ့အခါ
သူငယ်ချင်းတွေ နဲ့ အတူ ကြော်ဆိုင်မှာ ထိုင်ချင် လိုက်တာ
လို့ တောင့်တမိတာလဲအမောပါ။
ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲကကာပူချီနိ သောက်တိုင်း
ကျောင်း က အပြန်သောက်နေကြ
ကားဂိတ်နားက ရေခဲရေဆိုင်လေးကို လည်း သတိရပါတယ်။
နှင်းဒဏ် ခံနိုင် အောင်
ဂျင်းဘောင်းဘီတွေ ၀တ်ထားရပေမဲ့
မြန်မာမိန်းခလေး တယောက်ဆိုတာကို လည်း
ဘယ်တုန်း က မှ မမေ့ပါဘူး။
မတက်သာ လို့ အဝေးမှာ နေရပေမဲ့
တနေ့ မှမေ့မရတာ က ကျမချစ် တဲ့ အမိမြေပါ။
အနာဂါတ်တွေ ကို
မျှော်မျှော် ကြည့်ရင်း
တလှမ်း ခြင်း လှမ်း လျှေက် နေတဲ့
ခြေလှမ်းတွေအဆုံး ပန်းတိုင်ကို ရောက်
အတောင် တွေ မညောင်းခင်
ရည်မှန်းချက်တွေ ပြည့်ခဲ့မယ်ဆို
အပြေးတခေါက် အရောက်လာခဲ့ပါဦးမယ်
မြန်မာပြည်ရယ်။