Showing posts with label ဗဟုသုတပုံပြင်. Show all posts
Showing posts with label ဗဟုသုတပုံပြင်. Show all posts

Aug 10, 2009

ရွှေရောင်ငှက် နဲ့ ငွေရောင်ငှက်

........
တစ်ခါက ထင်းခုတ်သမား တစ်ဦးဟာ နေ့တိုင်း တောထဲသွားပြီး ထင်းခုတ်လေ့ရှိတယ်။ တစ်နေ့မှာ ထင်းခုတ်သမားဟာ ခါတိုင်းနေ့လိုပဲ ထင်းခုတ်ဖို့ အိမ်ကထွက်ခဲ့တယ်။ အသွားလမ်းမှာ ထင်းခုတ်သမားဟာ ဒဏ်ရာရထားတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်မိတယ်။ ငှက်ရဲ့ တစ်ကိုယ်လုံးက ငွေရောင်အမွေးအတောင်နဲ့ တဖိတ်ဖိတ် လှပနေခဲ့တယ်။ ထင်းခုတ်သမားက ငွေရောင်ငှက်ကိုတွေ့တော့ "ဟာ... ငါ့တစ်သက် ဒီလောက်လှတဲ့ငှက်မျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး" လို့ဆိုပြီး ငှက်ကို အိမ်ယူလာပြီး ဆေးကုပေးခဲ့တယ်။

ဆေးကုသနေတဲ့ အချိန်အတွင်း ငှက်က ထင်းခုတ်သမားကို နေ့တိုင်း သီချင်းဆိုပြတယ်။ သာယာတဲ့ ငွေရောင်ငှက်ရဲ့သီချင်းသံကြားမှာ ထင်းခုတ်သမား ပျော်မွေ့နေခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ အိမ်နီးချင်း မိတ်ဆွေတစ်ဦးက ငွေရောင်ငှက်ကို မြင်တော့ ထင်းခုတ်သမားကို ရွှေရောင်ငှက်ကို သူတွေ့ဖူးကြောင်း ပြောပြတယ်။ ရွှေရောင်ငှက်က ငွေရောင်ငှက်ထက်လှပြီး အသံပိုချိုကြောင်း ထင်းခုတ်သမားကို ပြောတယ်။ ထင်းခုတ်သမားက ရွှေရောင်ငှက်လည်း ရှိပါလားဆိုပြီး ရွှေရောင်ငှက်ကို တွေ့ချင်မြင်ချင်စိတ်တွေ တဖွားဖွား ပေါ်လာခဲ့တယ်။

ငွေရောင်ငှက်ဆိုပြတဲ့ သီချင်းတွေကိုလည်း ဂရုတစိုက် နားမထောင်နိုင်တော့ဘဲ ရွှေရောင်ငှက်ကိုပဲ တမ်းတနေခဲ့တယ်။ ထင်းခုတ်သမားမှာ အပျော်ဆိုလည်း မရှိခဲ့တော့ပါဘူး။

တစ်နေ့မှာ ထင်းခုတ်သမားက အိမ်ရှေ့မှာ ထိုင်ပြီး နေဝင်ဆည်းဆာကို ငေးမောကြည့်နေခဲ့တယ်။ စိတ်ထဲမှာလည်း ရွှေရောင်ငှက်က ဘယ်လောက်လှပမလဲလို့ တွေးတောနေခဲ့တယ်။ အဲဒီအချိန်မှာ ဒဏ်ရာပျောက်ကင်းစ ဖြစ်ပြီဖြစ်တဲ့ ငွေရောင်ငှက်က အိမ်ကနေခွါဖို့ ပြင်ဆင်ခဲ့တယ်။ ငွေရောင်ငှက်က ထင်းခုတ်သမားနား ပျံသွားပြီး နောက်ဆုံးအကြိမ် သီချင်းဆိုပြခဲ့တယ်။ သီချင်းနားထောင်ပြီးနောက် ထင်းခုတ်သမားက "နင့်သီချင်းသံက နားထောင်လို့ ကောင်းပေမယ့် ရွှေရောင်ငှက်လောက်တော့ မီမယ်မထင်ပါဘူး။ နင့်အမွေးအတောင်တွေက လှပတယ်ဆိုပေမယ့် ရွှေရောင်ငှက်လောက်တော့ လှမယ်မထင်ဘူးလို့" ပြောလိုက်တယ်။


ငွေရောင်ငှက်က သီချင်းဆိုပြီး ကျေးဇူးတင်တဲ့အနေနဲ့ ထင်းခုတ်သမားကို သုံးကြိမ်လည်ပတ်ပြီးနောက် နေဝင်တဲ့ဖက်ကို ဦးတည် ပျံသန်းသွားခဲ့တယ်။ ငွေရောင်ငှက် ပျံသွားတာကို ထင်းခုတ်သမား ငေးကြည့်ရင်း ရုတ်တရက် နေရောင်အောက်မှာ ငှက်ရဲ့ ငွေရောင်အမွေးတွေဟာ ရွှေရောင်အသွင်ဖြစ်နေတာကို တွေ့လိုက်မိတယ်။ သူညစဉ် အိပ်မက် မက်ခဲ့တဲ့ ရွှေရောင်ငှက်လေး၊ သူတမ်းတနေတဲ့ ရွှေရောင်ငှက်ဟာ သူဘေးမှာပဲ ရှိနေခဲ့တာကို သူမသိခဲ့ဘူး။ ခုတော့ ငှက်ကလေးက ဝေးဝေးနဲ့ မြင့်မြင့်ကို ပျံသန်းသွားခဲ့ပါပြီ။

အခုလက်ရှိ သင်ရဲ့ ချစ်သူက ရုပ်ချောချင်မှလဲ ချောမယ်၊ အရပ် မြင့်ချင်မှလဲ မြင့်မယ်၊ ကိုယ်လုံးလှချင်မှလဲ လှမယ်၊ ဌေးချင်မှလဲ ဌေးမယ်၊ သင့်အနားမှာ အချိန်ပြည့် ရှိချင်မှလဲရှိမယ်၊ သင်သတ်မှတ်ထားတဲ့ ယောက်ျားပီသသူ/ မိန်းကလေးပီသသူလဲ ဖြစ်ချင်မှဖြစ်မယ်။

ဒါပေမယ့်...
လူတွေဟာ တစ်ခါတလေ ကိုယ့်ကိုယ်ကို သတိမထားမိချိန်မှာ ထင်းခုတ်သမား ဖြစ်သွားတတ်ပါတယ်။ ရွှေရောင်ငှက်ဟာ ကိုယ့်ဘေးမှာပဲ ရှိနေခဲ့မှန်း သတိမထားမိ ဖြစ်တတ်ကြတယ်။ အနားမှာရှိတဲ့ ငွေရောင်ငှက်ထက် ရွှေရောင်ငှက်ရဲ့ အသံက ပိုသာမယ်လို့ ထင်ကြပြီး ရွှေရောင်ငှက်ကိုပဲ ပိုအလိုရှိခဲ့ကြတယ်။

ထို့ အတူပါပဲ တခါတလေ လူတွေဟာ အနားက တန်ဖိုးရှိတဲ့အရာတစ်ခုကို သတိမပြုမိပဲ...လက်လွှတ်ဆုံးရှုံးတော့မှ တန်ဖိုးသိလာတာတွေ အများကြီးရှိနေတက်ပါတယ်။ ဒီတစ်ခုထက် ဟိုတစ်ခု ကောင်းနိုးနိုးနဲ့ မသိမသာ ထင်းခုတ်သမားတွေ ဖြစ်မသွားကြပါစေနဲ့လို့.. ဆုတောင်းပေးလိုက်ပါတယ်နော် ..။

မြန်မာချက်ဝန်လိုင်းဖိုရမ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်ရှင် (တချို့ စာသားများကို စီလျှော်အောင်ပြုပြင်ထားပါသည်)

May 2, 2009

သမီးအလိမ္မာ

........တခါက ပြင်သစ်နိုင်ငံ မှာ အလွန်ပဲဆင်းရဲချို့ တဲ့တဲ့ လယ်သမားကြီး ဇနီးမောင်နှံ ၂ ဦးရှိတယ်...။သူတို့ မှာ လူမမည် သားသမီးရှိယောက်လည်းရှိတယ်..။ နဂို ကဆင်းရဲရတဲ့ ကြားထဲ သားသမီးရှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက် ထားရတော့ သူတို့ ခမျာ ပိုပြီးတော့ အကျပ်အတည်းတွေရှိတာပေါ့....။
.......တနေ့ ယွန်းပါရဲ လို့ အမည်တွင်တဲ့ သမီးကြီးက အိမ်မှာ သူသာ မရှိရင် အဖေ အမေတို့ သူ့ တယောက်စာ သက်သာမယ်လို့ စိတ်ကူးနဲ့  မိဘတွေကို တိုင်ပင်ပြီး နေအိမ်ကနေ ထွက်သွားရှာတယ်...။ ယွန်းပါရဲ ကမြို့ တမြို့ ကို ရောက်သွားပီး အိမ်တစ်အိမ်မှာ အိမ်ဖော်မလေး အဖြစ်နဲ့ အလုပ်လုပ်နေတာပေါ့...။ အိမ်ရှင်တွေက လည်း လိမ္မာပြီး အလုပ်ကြိုးစားတဲ့ သူမကို အလွန်နှစ်သက်ကြတယ်...။ အစားကောင်းတွေလည်းစားရတယ် ။ ဒါပေမဲ့ သူမဟာ ၀မ်းစာရေးအတွက် အလွန်ပင်ပန်းကြီးစွာ လုပ်ကိုင်ရှာဖွေစားသောက်နေရတဲ့ မိဘတွေကို အမြဲသတိရပြီး မပျော်နိုင်ရှာပါဘူး..။ သူ့ မရဲ့ မောင်နှမသားချင်းတွေကိုလည်း အမြဲသတိရနေတော့တာပဲ...။
......တနေ့ မှာတော့ သူ မရဲ့ ဖခင်ဆီက နေစာတဆောင်ရောက်လာသည်...။ သူ မမိခင် မှာ ရုတ်တရက် လေဖြတ်ပြီး အိပ်ရာမှ မထနိုင် ဖြစ်နေပြီး ၊ ပြုစုမဲ့သူမရှိတာကြောင့် သူမအားပြန်ခေါ်သောစာတစ်ဆောင်ဖြစ်လေသည်...။
......ယွန်းပါရဲလည်း ချက်ချင်းပြန်အိမ်ပြန်ခဲ့တယ်...။ မိသားစု တစ်စုလုံးကို ပင်ပန်းဆင်းရဲကြီးစွာ အလုပ်ကြွေးပြုရှာသည်...။ တနေ့ မှာတော့ သူမဖခင်လည်း အလွန်တရာမှ ဖျားနာပြီး ဖြစ်တော့တယ်...။ ထိုအခါမှာတော့ ယွန်းပါရဲဟာ ဖခင်နေရာ ကအလုပ်တွေကိုလည်း သိမ်းကြုံးပြီးလုပ်ရတော့တာပေါ့...။ ဒါပေမဲ့ ၁၀ နှစ်လောက် အကြာမှာတော့ ဖခင်ဖြစ်သူ မှာ ကွယ်လွန်ခဲ့လေသည်...။
......ယွန်းပါရဲ ဟာ လယ်ထဲဆင်းပြီး အလုပ် လုပ် ရယုံထင်မကပဲ ရက်ကန်းလည်း ရက်ပြီး မိသားစုကို စောင့်ရှောက်ရှာတယ်...။ တနေ့ မှာတော့ သူမရဲ့ မိခင်ဖြစ်သူဟာ ဘုရားကြောင်းကို အလွန်တရာမှ သွားချင်တာကြောင့် သမီးဖြစ်သူကို ပို့ ပေးဖို့ ပြောရှာတယ်..။ ဒါနဲ့ ပဲ ယွန်းပါရဲ ဟာ လေဖြတ်နေတဲ့ မိခင်ဖြစ်သူကို ဘုရားကြောင်းကို ခေါ်သွားခဲ့တာပေါ့...။ သူမဟာ လက်တစ်ဖက်နဲ့ မိခင်ကို ဖေးမတွဲခေါ်တယ်...။ အခြားတဖက်ကတော့ ခေါက်ကုလားထိုင်ကို သယ်ဆောင်ခဲ့တယ်...။ ခြေလှမ်းသုံးလှမ်း လှမ်းပြီးတိုင်းမှာ သူမဟာ ကုလားထိုင်ကို ဖြန့် ခင်းပြီး မိခင်ကို ထိုင်ပြီး အနားယူခိုင်းတယ်...။ ခြေလှမ်း သုံးလှမ်းလှမ်းလိုက်၊ ထိုင်နားလိုက်နဲ့  ၁နာရီခန့် အကြာမှာတော့ ဘုရားရှိခိုးကျောင်းကို ရောက်ရှိလေတော့တယ်..။
.....တကယ်တမ်းမှာတော့ ဘုရားရှိခိုးကျောင်းဟာ သူမအိမ်နဲ့ နီးနီးလေးပါပဲ...။ သာမာန် သူများအဖို့ တော့ ၅ မိန်စလောက် လမ်းလျှောက် တာနဲ့ ရောက်နိုင်ပါတယ်...။ဒါပေမဲ့ ယွန်းပါရဲ ဟာ သူမမိခင်ရဲ့ ကိုယ်ကို မသယ်နိုင်တဲ့ အပြင် သူတစ်ပါးအား သူမအတွက် အလုပ် ပိုမည်ဆိုးသဖြင့် ထိုနည်းဖြင့် ပို့ ပေးခဲ့ခြင်းဖြစ်ပါတယ်...။ ရွာသူရွာသားများက လည်း မိခင်အပေါ် အနွံတာ ခံ ပင်ပန်းဆင်းရဲခံပြီးပြုဆုပေးတဲ့ ယွန်းပါရဲကို ချီးကျူးကြတယ်...။ ကရုဏာလည်း သက်ကြတယ်..။ ဒါကြောင့် တချို့ သူတွေက သူမကို "ယွန်းရယ် ညဉ်းအမေကို ခိုကိုးရာမဲ့ ဂေဟာကို ပို့ လိုက်ပါလား၊ ကြာရင် ညဉ်း လဲလိမ့် မယ်" ဆိုပြီး ကရုဏာဇောနဲ့ ပြောကြတယ်..။ သူမဟာ မိခင် ကို ထိုနေရာမျိုးမပို့ နိုင်ကြောင့် အပြင်းအထန်ငြိင်းဆိုခဲ့တယ်...။ ထိုအခါ ရွာသားတွေက "ဂေဟာက ညဉ်းအမေကို ကျွေးမွေးစောင့်ရှောက်မှာပါ၊ ပူစရာမလို ပါဘူး " လို့ ပြောကြတာပေါ့...ဒါပေမဲ့ သူမဟာ "ဂေဟာ က အမေ့ကို ကောင်းကောင်း ကျွေးမွေး စောင့်ရှောက်ကြ မှာပါပဲ...။ ဒါပေမဲ့ အမေ့ကို ကျွန်မ ပေးအပ်တဲ့ ကရုဏာမျိုး၊ မေတ္တာမျိုး ၊ စေတနာမျိုးကို တော့ သူတို့ ပေးနိုင်မှာ မဟုတ်ပါဘူး " လို့ ပြောခဲ့တယ်...။
......ရွာသားတွေကလည်း သူတို့ မိသားစုလေးကို သနားပြီး တဖက်တလှမ်းကနေ စောင့်ရှောက်ကြတာပေါ့...။ ဒီလို နဲ့ နေလာရာ ကနေ နှစ်အတန်ကြာတဲ့ အခါ သူမမိခင် ကနားပင်းသွားပြန်တယ်...။သူမဟာ အရင်ထက်ပိုပြီး မိခင်ကို စောင့်ရှောက်ရတော့ပြန်တာပေါ့။ မိခင်ရဲ့ ဒုက္ခ အားလုံးကို သမီးယူထားလိုက်သလို ဖြစ်တော့တာပေါ့ ။ မိခင်က တော့ သူမရဲ့ စောင့်ရှောက်မှုတွေကြောင့် သက်သာရာရပြီး နုပျိုလန်းဆန်းနေပေမဲ့ ၊ ယွန်းပါရဲခမျာ မှာတော့ ပင်ပန်းဆင်းရဲတဲ့ ဒဏ်တွေ ကြောင့် အရွယ်နဲ့ မမျှအောင် အိုးမင်းရင့်ရော် နေရှာတယ်..။
.......ရွာသူ ရွာသားတချို့ ကဆို " ကြည့်စမ်း ပါဦးကွယ် အမေက သမီးဖြစ်ပြီး ၊ သမီးက အမေပြန်ဖြစ် နေပြီ" ဆိုပြီး ပြောဆိုတက်ကြတယ်...။ ဒါကိုပဲ ယွန်းပါရဲက နှစ်သက် သဘောကျနေတော့တယ်...။ သူမဟာ ဒုက္ခိတမိခင်ကို ပြုစုစောင့် ရှောက်လာခဲ့တာ နှစ်ပေါင်း ၂၅ နှစ် တိုင်ကြာခဲ့တယ်...။ ၂၅ နှစ်ကြာတဲ့အခါမှာတော့ မြို့ မှ လူကုံထံ တစ်ဦးဟာ သူမရဲ့  အနစ်နာခံမှု နှင့် မိသားစုအပေါ် ထားရှိသည့်ကြီးမား သော မေတ္တာ စေတနာတွေကို သိရှိသွားပြီး...ချီးကျူးဂုဏ်ပြုကာ ဆုငွေ အမြောက် အမြားကို ပေးအပ် ချီးမြှုင့် ခဲ့လေသည်...။
.......ထိုအခါ မှစပြီး အညတရ ဆင်းရဲ သူမလေး "ယွန်းပါရဲ" ရဲ့ အမည်ဟာ ပြင်သစ် တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာ လုံးထင်ရှားကျော်ကြားသွားတော့လေသည်...။
( သြဂုတ် လ ၁၉၇၆ ငွေတာရီ မဂွဇင်း၊ မှ ပြန်လည် မှီဝဲရေးသားသည်)


"တခါတလေ မိဘတစ်ယောက် အတွက် သားသမီးမရှိလည်း ဘာမှ မဖြစ်နိုင်ပေမဲ့
သားမီးတွေအတွက် တော့ မိဘဆိုတာ အလွန်တရာ မှပဲ လိုအပ်ပါတယ်...။"

"သားမီး ၁၀ ယောက်ကို မိဘတစ်ယောက် က အလုပ်ကြွေးပြုဆုနိုင်ပေမဲ့
တခါတလေ သားသမီး ၁ ယောက်က မိဘ တယောက် ကို ပြုဆုနိုင်ချင်မှပြုဆုနိုင်မှာပါ"

"တခါတလေ သားသမီးတစ်ယောက်က မိဘ ကို ပြုဆုချင်ပေမဲ့
မိဘကလက်မခံ မလိုချင်တဲ့ အခါ...အဲဒီ စေတနာ ၊ အဲဒီ အကြင်နာ ကို ဘယ်သူ့ ကိုသွားပေးရမှာလည်း"


"တခါတလေ သားမီးတယောက် ကမိဘမေတ္တာကို လိုချင်ပေမဲ့
အကြောင်းတစ်ခုခုကြောင့် မိဘက မပေးနိုင်တဲ့ အခါ ...အဲဒီအကြင်နာ အဲဒီမေတ္တာဘယ်သူ့ ကို သွားတောင်းရမှာလည်း"

"တခါတလေ မိသားစု နဲ့ အဆင်မပြေလို့ အပြင်ကို ထွက်သွားတဲ့အခါ
အပြင်မှာ သူစိမ်းတွေနဲ့ ထာဝရပျော်နိုင်ပါ့မလား? "

"မိဘမေတ္တာ ကို ဘယ်အချိန်တွေမှာ သိခွင့်ရပြီး
ဘယ်လို အချိန်တွေ ကျမှ ပေးဆပ်ခွင့်ရမှာလဲ "

ဘ၀ ဆိုတာ ဒဏ်ရာ တစ်ခုမဟုတ်ပါဘူး...ဒါပေမဲ့ တခါတလေ ဘ၀မ်းမှာဒဏ်ရာခင်းပြီးလျှောက်ရတက်တယ်...

(ယွန်းပါရဲ လောက် မကျော်ကြားချင်ပါဘူး...ဒါပေမဲ့ သူ့ လို အခွင့်ရေး တခုလောက်တော့ လိုချင်တယ်)

(ငြိမ်း (ခ) ငှက်ငယ်လေး)

Nov 2, 2008

ပထမဆုံးအချစ်

တခါတုန်းက ကောင်လေးတယောက် ဟာ ကောင်မလေးတယောက်ကို ငယ်ငယ်လေးထဲက ချစ်နေခဲ့ပါတယ်...။ အဲကောင်လေးဟာ ကောင်မလေးကို ဓါတ်ပုံသာမြင်ဖူးပြီး အဲဒီဓါတ်ပုံဟာလည်း သူလမ်းလျှောက်ရင်း လမ်းမ ပေါ်က ကောက်ရခဲ့တာပါ॥။ ဒီလိုနဲ့ နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ကုန်သွားလိုက်တာ။ နှစ်တွေတော်တော်ကြာတော့ ကောင်လေးဟာ သူနှစ်သက်တဲ့ မိန်းကလေးတယောက်နဲ့  အိမ်ထောင်ပြုလိုက်ပါတယ်။ ဒါပေမဲ့ကောင်လေးဟာ သူကောက်ရထားတဲ့ ဓါတ်ပုံလေးကို သိမ်းထားဆဲပါပဲ...။ တနေ့ မှာတော့ ကောင်မလေးဟာ အဲဒီဓါတ်ပုံလေးကို တွေ့ သွားပြီး သူ့ အမျိုးသားကို မေးလိုက်ပါတယ်။

ကောင်မလေး....ဒီပုံကိုဘယ်က ရတာလဲ

ကောင်လေး...ငါငယ်ငယ်လေး ကတည်းက ကောက်ရလို့  သိမ်းထားတဲ့ ဓါတ်ပုံပါ ဘာလို့ လဲ ?

အဲဒါနဲ့ အမျိုးသမီးဟာ အခုလို ပြန်ပြော လိုက်ပါတယ်

ကောင်မလေး....ကျမ ၉ နှစ်သမီးအရွယ် ကတည်းက ဒီဓါတ်ပုံလေး ပျောက်သွားခဲ့တာပါ။

(အင်္ဂလိပ်ပုံပြင်လေးကို စီလျှော်အောင် ဘာသာပြန်ဆိုထားသည်။)

Oct 19, 2008

အချစ်နဲ့ အချိန်

တချိန်းတုန်းက ခံစားမှုပေါင်းစုံနေတဲ့ ကျွန်းလေးတကျွန်းရှိခဲ့တယ်...။အဲဒီကွန်းလေးမှာ ပျော်ရွင်မှု၊ ၀မ်းနည်းမှု၊ အသိပညာ နဲ့ ခံစားမှုပေါင်းစုံဟာနေထိုင်ကြတယ်၊ အချစ်လဲပါတာပေါ့။တနေ့ မှာ အဲဒီကွန်းစွယ်လေးမှာ ရေးကြီးမယ်လို့ သတင်းကြားတာနဲ့ အချစ်ကလွဲ ပြီးကျန်တဲ့သူတွေအားလုံးဟာ လှေတွေတည်ဆောက်ပြီး အဲဒီကျွန်းစုလေးကနေစတင်ထွက်ခွါသွားကြတယ်။
အချစ် တယောက်တည်းသာအဒီကျွန်းစွယ်လေးမှာနေခဲ့တယ်။ သူဟာ အဲဒီကျွန်းဆွယ်လေးမှာ သူနေနိုင်သလောက်အချိန်အထိနေမယ်လို့ ဆုံးဖြတ်ထားတယ်။ ဒီလိုနဲ့ နေ့ ရက်တွေကျော်လွန်ပြီးနောက်မှာတော့ ကျွန်းဆွယ်လေး ဟာ တဖြည်းဖြည်းနဲ့ နစ်မြုတ်စပြုလာတော့ အချစ် ဟာ တစုံတယောက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ တချိန်တည်းမှာပဲ ချမ်းသာ ဟာသူ့ ရှေ့ ကနေ လှေလေးနဲ့ ဖြတ်သွားတော့ အချစ်က လှမ်းအကူအညီတောင်းလိုက်တယ် ..။
အချစ်.....ချမ်းသာ. မင်းနဲ့ အတူငါ့ကို ခေါ်သွားလို့ ရလား
ချမ်းသာ.....မရဘူး၊ ငါနဲ့ အတူမင်းကိုခေါ်သွားလို့ မရဘူး ငါ့လှေပေါ်မှာ ရွှေတွေငွေတွေအများကြီးနဲ့ ပြည့်နေတယ်..။ မင်းအတွက်နေရာမရှိဘူး။
ဒါနဲ့ ပဲအချစ်ဟာ အနီးအနားက လှပတအိုးလေးနဲ့ ဖြတ်သွားတဲ့ ထယ်ဝါခြင်းကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်တယ်
အချစ်...ထယ်ဝါခြင်း ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ..။ထယ်ဝါခြင်း...ငါမင်းကို ကူညီလို့ မရဘူး ၊ မင်းကိုယ်တခုလုံးဟာစိုရွှဲနေတာကြောင်းငါ့လှေလေးပျက်စီးသွားလိမ့်မယ်။
ဝမ်းနည်းခြင်းကလည်း အနားကို ရောက်လာတော့
အချစ်....၀မ်းနည်းမှု မင်းနဲ့ အတူငါ့ကို သွားခွင့်ပြုပါ
ဝမ်းနည်းခြင်း...ငါတယောက်တည်းပဲ သွားချင်တဲ့အတွက် စိတ်မကောင်းပါဘူး
ပျော်ရွှင်ခြင်းရောက်လာပြန်တယ်...ထို့ အတူပါပဲ ပျော်ရွှင်ခြင်းဟာလည်း သူခေါ်တာကိုတောင်မကြားပါဘူး..
လာခဲ့ငါနဲ့ အတူမင်းကိုခေါ်သွားမယ်..လို့ ရုတ်တရက် ကြားလိုက်ရပါတယ်။ သူ့ ကိုခေါ်တဲ့သူကတော့ ရင့်ကျက်သူတယောက်ဖြစ်ပါတယ်...။ အချစ်ဟာ အလွန်တရာမှပျော်ရွင်သွားပြီး သူတို့ ဘယ်သွားနေလဲဆိုတာကိုတောင်မေးဖို့ မေးနေခဲ့တယ်။ သူတို့ ဟာခြောက်သွေ့ တဲ့ကျွန်းတခုကိုရောက်တဲ့အခါမှာ လမ်းခွဲလိုက်ကြတယ်။
အချစ်ကနေ နောက်ထပ် ဗဟုသုတ (နောက်ထပ် ရင့်ကျက်သူတဦး)ကိုမေးလိုက်ပါတယ် ။
အချစ်...ငါ့ကိုကူညီသွားတာဘယ်သူလဲ?
ပညာ၊ဗဟုသုတ....အဲဒါအချိန်ပါ
အချစ်...အချိန်? သူကငါ့ကို ဘာလို့ ကူညီတာလဲ?
ပညာဗဟုသုတ...သူဟာလေးနက်စွာပြုံးလိုက်ပြီး
''ဘာလို့ လဲဆိုတော့ အချစ်ဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို အချိန်ကသာနားလည်လို့ ပါပဲ။ ''


(Love and Time ပုံပြင်ကို စီလျှော်အောင်ဘာသာပြန်သည်)
Ps:လာရောက်လည်ပါတ်တဲ့သူငယ်ချင်းတွေ ၊ ညီအကိုမောင်နှမ တွေးအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်...။ ဘာသာတခုမှတခုပြန်ဆိုခြင်းဟာ ကျမအတွက်တော့ သိပ်ပြီးလွယ်ကူလှတဲ့ကိစ မဟုတ်သောကြောင့် အမှားများရှိခဲ့လျှင်လည်း သီးခံပြီးဖတ်ပေးစေချင်ပါတယ် ...။

Oct 15, 2008

မွေးစားခြင်းဆိုသည်မှာ

ဆရာမ ဒက်ဘီမွန်းရဲ့  ပထမတန်းကကျောင်းသားလေးတွေက မိသားစုတစ်စုရဲ့ ဓါတ်ပုံကိုကြည့်ပြီး ငြင်းခုန်နေကြပါတယ်။ ပုံထဲကကောင်လေးတစ်ယောက်ရဲ့ ဆံပင်အရောင်က ကျန်တဲ့သူတွေနဲ့ကွဲနေလို့ပါ။ ချာတိတ်လေးတစ်ယောက်က အဲဒီကောင်လေးကိုမွေးစားထားတာဖြစ်မယ်လို့အဆိုပြုလိုက်တော့ဂျိုစီလို့ခေါ်တဲ့ချာတိတ်မေ လးက ပြောလိုက်ပါတယ်။ “ဟဲ့ ငါကမွေးစားတဲ့ အကြောင်းကို အကုန်သိတယ်ဟ၊ငါကမွေစားသမီးလေဟာ”။ “ ဒါဆိုမွေးစားတယ်ဆိုတာဘယ်လိုကြီး လဲဟယ်” နောက်ချာတိတ်မလေးတစ်ယောက်က မေးလိုက်ပြန်ပါတယ်။ “မွေးစားတယ်ဆိုတာက၊” ဂျိုစီလေးကပြောပါတယ် “ ကလေးလေးကိုမေမေ့ရဲ့  ဗိုက်ထဲကနေမွေးတာမဟုတ်ဘူး၊ နှလုံးသားထဲကမွေးတာဟ။ ”

( ဂျော့ ဒိုလန် - What It Means to Be Adopted – George Dolan )

..ဖိုရမ်မှညီမလေးတယောက်ရဲ့ ပို့ လေးပါ..

Oct 14, 2008

သဲနဲ့ ကျောက်တုံး



တနေ့ မှာသူငယ်ချင်း ၂ ယောက်ဟာသဲကန္တာရတစ်ခုကိုဖြတ်ရှော က်လာကြတယ်။လမ်းတခုလတ်ကိုရောက်တော့ သူ တို့ ၂ ယောက်ဟာစကားများကြတယ်။အဲအချိန်မှာပဲ နံပါ ၁ တယောက်က သူ့ သူငယ်ချင်းကိုပါးရိုက်လိုက်တယ် ။.ပါးရိုက်ခံလိုက်ရတဲ့သူငယ်ချင်းဟာတော်တော်လေးနာကျင်သွားတ ယ်။ ဒါပေမဲ့သူဟာ သူ့ သူငယ်ချင်းကို ဘာမှမပြောပဲ "ဒီကနေ့ ငါ့သူငယ်ချင်းဟာငါ့ကို ပါးရိုက်တယ်" လို့ သဲပေါ်မှာစားလေးတကြောင်းရေးလိုက်တယ် ။
ဒါနဲ့ ပဲသူတို့ တွေဟာစကားပြောရင်းပြောရင်း အိုအေစစ်လေးတခုဆီရောက်တဲ့အထိလမ်းရှောက်လာကြတယ်။ပါးရိုက်ခံလိုက် ရတဲ့သူ ဟာ ရွှံ့ နွံထဲနစ်ပြီး ရုန်းထွက်ရခက်နေချိန်မှာ ပါးရိုက်လိုက်တဲ့သူငယ်ချင်းဟာ အချိန်မှီလေးတင်ကယ်ဆယ်လိုက်ပါတယ်။ အဲဒီနောက်မှာ ပါးရိုက်ခံရတဲ့ သူဟာ ရွှံ့ နွံအနီးနားတ၀ိုက်က ကျောက်တုံးပေါ် မှာ "ဒီနေ့  ငါ့သူငယ်ချင်းဟာ ငါ့အသက်ကိုကယ်ခဲ့တယ်" လို့ ကျောက်တုံးပေါ်မှာစာလေးရေးလိုက် ပါတယ်။ ပါးရိုက်လိုက်တဲ့သူငယ်ချင်းဟာ နားမလည်စွာဖြင့် "ငါမင်းကို နာကျင်အောင်ပါးရိုက်တုန်းက မင်းဟာ သဲပေါ်မှာစာရေးတယ် ၊ ဒါပေမဲ့ ငါမင်းအသက်ကို ကယ်တင်ပြီးတဲ့ နောက်မှာဘာလို့ ကျောက်တုံးပေါ်မှာစာရေးတာလဲ" လို့ မေးလိုက်ပါတယ်။ အဲအချိန်မှာ ပါးရိုက်ခံလိုက်ရတဲ့သူငယ်ချင်းဟာ အခုလို ပြန်ဖြေပါတယ်။ " တစုံယောက်က မိမိကို နာကျင်အောင် လုပ်တဲ့အခါမှာ ငါတို့ ဟာ လေတိုက်ရင် ပျက်ပျင်သွားနိုင်တဲ့ သဲပေါ်မှာစာရေးသင့်ပါတယ်။ ခွင့်လွှတ်ခြင်းဟာ အရာရာကို ဖျက်လို့ ရပါတယ်။ ဒါပေမဲ့ တစုံတယောက်ဟာ မိမိပေါ်ကို ကောင်းခဲ့တာရှိ ငါတို့ ဟာ ဘယ်တော့မှာ မဖျောက်ပျက်နိုင်တဲ့ ကျောက်တုံးကျောက်ဆောင်တွေေ ပ်ါမှာ ရေးသင့်ပါတယ်။


" နာကျင်မှုတွေကိုသဲပေါ်မှာ ရေးတက်ပြီး ကျေးဇူးတရားတွေကို ကျောက်တုံးပေါ်မှာရေးနိုင်အောင်ြ ကိုးစားကြပါ။"


( sand and stone ပုံပြင်ကိုစီလျှော်အောင်ဘာသာပြန်သည်။)