အချစ်ဆိုတာ
ကြည်လင်နေတဲ့ကောင်းကင်ပြာအောက်က
လွမ်းခြင်းဖွဲ့ ကဗျာတစ်ပုဒ်...။
အချစ်ဆိုတာ........
ဟိုး....အဝေးတောင်တန်းတွေကြားက
ငိုခြင်းဖွဲ့ တေးတစ်ပုဒ်..........။
အချစ်ဆိုတာ........
နူးညံ့တဲ့.တိမ်လွှာတွေပေါ်က
ပင့်မရှိုက်သံတစ်ခု..............။
အချစ်ဆိုတာ....
ခက်ခဲတဲ့ ပုဒ်စာ တစ်ပုဒ်ရဲ့
အကျယ်ဖွင့်ဆိုချက်.......။
အချစ်ဆိုတာ....
နှစ်ခါပြန်မရတက်တဲ့
အိမ်မက်တွေရဲ့  လှို့ ဝှက်ချက်......။
အချစ်ဆိုတာ....
ဆန်းစန္ဒယားတစ်လုံးပေါ်က
သံစဉ်ပျက်တေးတစ်ပုဒ်......။
အချစ်ဆိုတာ.....
တမ်းတခြင်း......။
သတိရခြင်း.......။
လွမ်းဆွတ်ခြင်း......။
အချစ်ဆိုတာ.........။
ခွင့်လွတ်ခြင်း.......။
နားလည်ခြင်း.........။
ပေးဆပ်ခြင်း.........။
ဲပြီးတွားပါပီချင့် အကို ရဲရင့်နီ ရေ ကျေနပ်တော့ နော်...မောလိုက်တာတော ပြောရတာ...အအေးလေးတောင် မတိုက်ဘူး :P... ပထမတော့ ဒီတိုင်းပဲထားမလို့  နောက် မှ ဒုကပေးဖို့  သူတွေ ရှိနေတာ သွားသတိရလို့ ... မဲပေါက် တဲ့သူတွေကတော့ ဘုန်းကြီး ၀တ်ဖို့ ကြံစည်နေတဲ့ အကို ကြီး အလှတရား သူကတော့ ကို ရဲရင့်နီ စာရင်းထဲပါပြီးသားဆို ပေမဲ့ထပ်မံ ပြီး ထောက်ခံပေးလိုက်ပါတယ် ၊ လူပို ကြီး အဲဟုတ်ပါဘူး လူပျိုကြီးပဲ လုပ်တော့မယ်ဆို တဲ့ အကို ကြီး ဂျူဝသန် ၊ အင်း နောက်တယောက် ကတော့ လူငယ်တွေကို တက်ပြီး အနိုင် ကျင့်နေတဲ့ကိုတက်လူငယ် (ဟီးး) နဲ့  ဘ၀မလှတဲ့ ကို အညတြတို့ ဖြစ်ပါတယ် ရှင်....လက်ခုပ်တီးပီး အားပေးကြပါ။ ဖလောက်ဖလောက် ;kwekwe; (ခင်လို့ စတာနော် မခင်ရင် မစဘူးဒါပဲ) ...ချစ်သော မမတို့ ကို တော့ ချင်းချင်းတွေမို့ tag တော့ဘူးကွယ်...အာဘွားပဲပေးမယ်...။ မှတ်ချက် ။ ။ မမ၀ါရဲ့  tag လေးကို တင်ပါတော့မယ် ...။