Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

May 11, 2010

စိတ္တဇလမ်းမများ

သတိတရနဲ့ ပြန်လည်တူးဖော်ကြည့်တိုင်း
နှလုံသားလေး စူးနင့်နာကျင်နေရတယ်

ခြေတစ်လှမ်း လှမ်းတိုင်း

မင်းနာမည်ကိုမှ တဖွဖွ

ရေရွတ်မိနေတုန်း ...


မပြောရက်ခဲ့ပါဘူး

မှော်မတတ်တဲ့ငါ့ကိုမှ

ဘာကြောင့်ရွေးပြီး ပစ်ခတ်ခဲ့သလဲ လို့ ..

မေးလဲမမေးရက်ခဲ့ဘူး

အချစ်ဆိုတာက

ကြားနေကျအတုအယောင်တွေထဲကတစ်ခုပဲ လား လို့ ..


ခွဲခွာခြင်းတွေ လိမ့်ဆင်းလာတဲ့

မင်းရင်ခွင်ကမ်းပါးမှာ

တစ်စုံတစ်ရာမစွန်းထင်းခဲ့ေ ပမယ့်

အမည်မဖော်နိုင်တဲ့ဝမ်းနဲကြေကွဲဖွယ်ရာ
တစ်စုံတစ်ရာတွေဟာ
ငါ့မျက်ဝန်းမှာ တွဲလွဲခိုနေခဲ့တယ်…

(သုည)

Mar 16, 2010

လေဆန်ငှက်

ဘဝလမ်းက..
ကွေ့ ကောက်လိုက်တာ.....

ကျမကမ္ဘာမှာ..
ပိတောက်ပန်းတွေမဝေသေးဘူး.. .
နားခိုစရာ သစ္စာအကိုင်းအခတ်တွေမရှိသေး ဘူး.. .

ရေတံခွန်တခု..
ဒေါင်လိုက်စင်းစင်းသေလို့ 
ဘယ်သူတွေကများ "တည်ငြိမ်ခြင်း" ကို
ခါးဖြတ်ရိုက်ချိုးချင်ကြတာ လဲ?

မေမေသိတဲ့ကျမက...
ခေါင်းမငုံ့ တက်သလို
မော့လည်း မကြည့်တက်ဘူး...
သည်းခံခြင်းကို ပျော့ညံ့ခြင်းလို့  တချို့ ကယူမှတ်မှားနေရင်လည်း...
ဒါတွေက...အရေးမကြီးပါဘူး.. .

မနက်မိုးလင်းရင်
မြက်ခင်းပေါ်က နှင်းစက်လေးတွေမကြွေပါစေနဲ့ ဦး
မျှော်လင့်ချက်တွေလည်း...မ ပျက်ေ စနဲ့ ဦး

မေမေဖန်ဆင်းခဲ့တဲ့ ကျမက...
ငွေရောင်လိပ်ပြာလေးမဟုတ်သလို
ရွှေရောင်ငှက်တကောင်လည်း မဟုတ်ခဲ့ဖူး...
ဒူးမထောက်ဖြစ်အောင် မေမေလက်ဆောင်ပေးတဲ့ အတောင်ပံတစ်စုံတော့ရှိပါတယ်...

တကြိမ်ခါမက
လနဲ့ မိတ်ဖွဲ့ ဖူးတယ်...
ညနဲ့ ရင်းနှီးဖူးတယ်...
ခက်ထန်လွန်းတဲ့ နေ့ တွေနဲ့ စိတ်ဆိုးဖူးတယ်..
ဆန့် ကျင်ဖက် ဆန်လွန်းတဲ့လေနဲ့ ကွဲလွဲဖူးတယ်...

ဒါပေမဲ့
ပျံသန်းခြင်းမှာ
ခက်ထန်ပြီးရင်း ခက်ထန်နေတဲ့ မုန်တိုင်းတွေနဲ့ 
ရပ်တန့် မသွားဘူး...
လမ်းမမှားဘူး...
နောက်လှည့် ပျံသန်းမသွားပါဘူး....။

Mar 9, 2010

အမည်မသိ


ထစ်ထစ်ချုန်းချုန်းနဲ့ ရွာလိုက်တဲ့မိုး
ဘယ်လောက်တောင် အငြိုးကြီးသွားမှန်းမသိအော င်
ရက်စက်လွန်းတဲ့ အဲ့ဒီညကိုအမှတ်ရလိုက်တာ... .။

ရာသီနက်တွေက ဆိုးသထက်ဆိုးလာလိုက်ပုံများ
တခါက ရှူရှိုက်ခဲ့ဖူးတဲ့ ညမွှေးပန်းရနံ့ တွေတောင်
ဘယ်ရောက်သွားလည်း မသိနိုင်ကြတော့....။

ဒူးထောက်ခြင်းနဲ့ အရှုံးပေးခြင်းကို မုန်းတီးလွန်းလို့ 
ဒိုင်ယာရီထဲမှာတောင် ထည့်မရေးဖူးတဲ့ ကျမ
စာနာမှု မြူတမှုံမျှတောင်မရှိတဲ့ မျက်ဝန်းတစုံကိုစူးစူးစိုက်စိုက်ကြည့်ရင်း....
အရောင်ပြယ်စမာနတွေကို ပိုပိုပြီးချစ်တက်လာခဲ့ပြန်တယ်. ....။



ကဗျာခေါင်းစဉ်ဘယ်လိုပေးရမှန်းတောင်မသိတော့ပါဘူး..

Sep 28, 2009

အဆိပ်ပင်

ဘာမှမပြောပဲ ထွက်သွားလိုက်ပါ
ခဲထားတဲ့ ငါ့ နှုတ်ခမ်းတွေ
ရဲရဲနီတဲ့ သွေးစက်တွေကျတဲ့တိုင်အောင်
မင်းနာမည်ကို ထပ်မခေါ်တော့ဘူး
တိတ်ဆိတ်တဲ့ နံရံတွေကြာမှာ
ငါ့ ဒဏ်ရာတွေကို မြေမြုပ်ပြစ်မယ်
ချစ်တက် ခြင်းဆိုတာ တကယ်တော့
ကျရှုံးမှုတွေကို ရေလောင်းထားတဲ့
အဆိပ်ပင်တပင်ပါပဲ.....။

Sep 24, 2009

အမည်မသိ ကဗျာ

ငါလိုချင်တာ သတိရခြင်းတခုထက်မပိုခဲ့ပါဘူး
ဒါပေမဲ့ ဥပခါပြုကောင်းကင်ကြီးက
စာနာစိတ်တခုနဲ့ ငါတမ်းတမှုကို
ယောင်လို့ တောင့်လှည့်မကြည့်ခဲ့ဘူး...။

ငါအမျှော်လင့်ရဆုံး အနာဂါတ်လမ်းမှာ
နင်ဝေဒနာတွေဖြန့် ကြဲတော့
တမက်တမောနဲ့ လိုက်ကောက်......
အမြတ်တနိုး သိမ်းထားတက်တာက
ခပ်ညံ့ညံ့ အိမ်မက်တွေကိုတန်ဖိုးထားတဲ့
အသုံးမကျတဲ့ငါ....။

ငါလိုချင်တဲ့အရာတွေအတွက်
ငါ့ဘက်ကပြန်ပေးဆပ်ခဲ့တာတောင်
သစွာတရားနဲ့ ချစ်တက်ခြင်းရဲ့ ရလဒ်က...
အမည်မသိ ခံစားချက်တွေနဲ့ 
မွန်းကျပ်စွာ ဖောက်ထုတ်ခဲ့တဲ့
ငါ့ကဗျာတွေ ရှိုက်သံထပ်စေခဲ့တယ်...။

Sep 7, 2009

ဒဏ်ရာ

ပျားသကာလိုချိုပြီး
ကောင်းကင်ထက်မာယာများတယ်
ရင်ထဲနင့်အောင်နာကျင်စေတဲ့ ဝေဒနာ
အဲဒီဘူတာက စတာပေါ့
ကျိန်စာတွေမီးစလုပ်လို့ 
ရင်ခွင်ထဲမီးလောင်မှုဒဏ်ရာ
ဘယ်သူမြင်နိုင်မှာမို့ လဲ
အသက်မရှိတော့တဲ့နံရံကြား
ဘယ်သူ ဓါးနဲ့ ထိုးဦးမှာလဲ
ကြေကွဲဖွယ်တွေနဲ့ စီးဆင်းခဲ့ရသူမို
နံရံတွေလှုပ်နိုးပြီး
ရင်ဖွင့်ရမှာလဲ အားနာတယ်။
(ရေးထားတာကြာပါပြီ..အခုမှပြန်တင်လိုက်တာပါ..)

Aug 22, 2009

လောက "ဒဏ်"

မွန်းကျပ်တဲ့ စိတ်ကို ဖောက်ထုတ်
ကြောက်ရွံ့ တဲ့စိတ်နဲ့ အရှုံးပေးရမလား..
ပြောင်းလဲ ခြင်းတွေ များနေတဲ့ဘ၀မှာ
ပျော်ရွှင်ခြင်းတစ်ခုတည်းကို ဆုတ်ကိုင်လို့ မရသေးပြန်တော့
အားမတန်လို့  မာန်လျှော့ရပြန်တယ်
လာလေဦးပေါ့လောက "ဒဏ်" ရယ်

Jul 26, 2009

တကယ်ဆို

မရည်ရွယ်ခဲ့ပါဘူး..
ရင်ခွင်ရိုင်းလေးတစ်ပွင့်
မရှက်မကြောက်ဝန်ခံမိတယ်..
လောကရဲ့ ပေးသမျှ...
အတိုးရော.....
အရင်းရော...
တဂွမ်းဂွမ်းနဲ့ ကိုက်စားရဲပေမဲ့
မင်းမျက်နှာညိုးမှာကို
ကြောက်နေမိပြန်တယ်..........။

ဘာပေးလို့ ဘာရမှာလဲမသိတာထက်စာရင်
ကျမလိုချင်တာတွေ ကို
ကျမဆီကနေပြန်ပေးနေခဲ့တယ်...

ခုန်လိုက်တိုင်းလို
မင်းနာမည်ခေါ်နေတဲ့
ကျမနှလုံးသားကို
တခါတရံ...
ပြန်မုန်းမိပြန်တယ်......။

Mar 9, 2009

ခြောက်လှန့် မှု

အလွမ်းနဲ့ ငွေ့ ရည်ဖွဲ့ 
မျက်ရည်တွေ မိုးအဖြစ်နဲ့ ရွာချတဲ့အခါ
ငါ့ ကမ္ဘာမှာ မုန်တိုင်းထန်သွားတယ်
အဆင်မပြေခြင်းဆိုတဲ့ လေးဆိုး
အတင်းအပြင်းထိုးနှက်လိုက်တဲ့အခါ
ဘယ်ညာယိုင်ထိုးလို့ 
ကံကြမ္မာဆိုးကိုပဲအငိုနဲ့ ချော့သိပ်ရမတဲ့လား
တောခြောက်သံမှာ မျက်ရည်ဝဲတာ
ပျော့ညံ့သူတွေရဲ့ အလုပ်ပါဆိုပေမဲ့
သစ်ရွက်ကြွေသံမှာငါ့
နှလုံးသားတုန်ရီသွားတာပါ.. ။
(ရေးထားတာကြာပါပြီ..အခုမှပြန်တင်လိုက်တာပါ..)

Nov 24, 2008

ကျမအကြောင်း

ကျမဟာ ကာရံမညီ သံစဉ်မရှိတဲ့
ကဗျာ တပုဒ် သက်သက်ဖြစ်တယ်။

တခါတလေမှာ
လေတွေနဲ့ ကခုန်တယ်

တခါတလေမှာ
နေရောင်တွေ နဲ့ တောက်ပတယ်

တခါတလေမှာ
မိုးတွေနဲ့ အတူ ငိုတယ်

ကျမ အိမ်မက်တွေထဲ မှာ
ကျမဟာ ကျရှုံးသူ သက်သက်ပါပဲ

ခြောက်လှန့် ခြင်းတွေက
ကျမရဲ့ အကောင်းဆုံး သူငယ်ချင်းတွေပေါ့

ကျမဟာ ရှင်သန်မှုတွေ အတွက် မျှော်လင့်တယ်
သေဆုံးခြင်း အတွက် အသက်ရှင်တယ်
ဘာမှ မရှိခြင်းတွေ ကို ပဲ ခံစားတယ်
ကျမဟာ ဘာမှ မဟုတ်တဲ့ ကဗျာ တပုဒ်ပါပဲ။

Nov 8, 2008

...

ကျမ ပြုံးနေတယ်
ဒါပေမဲ့ ကြေကွဲနေတယ်.....

ကျမ နာကျည်းနေတယ်
ဒါပေမဲ့ မေတ္တာထားတယ်.....

ကျမငိုနေတယ်
ဒါပေမဲ့ မျက်ရည်မကျဘူး.....

ကျမခေါင်းငုံ့ ထားတယ်
ဒါပေမဲ့ အရှုံးမပေးဘူး.....

ကျမလက် မြှောက်ထားချင် ထားလိမ့်မယ်
ဒါပေမဲ့ ဘယ်တော့မှ ဒူးမထောက်ဘူး.....

Oct 27, 2008

သူတို့ ပြောနေကြတဲ့

"တောက်"

နားကျည်းစွာထွက် ကျသွားတဲ့အသံ

ရင်ခွင်ပတ် ကြားအက်သံပေါ့

အမုန်းတရားတော့မပါ, ပါဘူး

သင်ခန်းစာတခု တူးဖော်မိတယ်

အထူးပဲကျေးဇူး တင်ပါတယ်

သူတို့ ပြောတဲ့ "ကိုယ်ချင်းစာစိတ်"

သူ့ တို့ ပြောတဲ့ "ဂရုဏာ"

သူတို့ သူတို့ တွေပြောနေကြတဲ့ "သိက္ခာ"

အဓိပ္ပါယ် ရှာမရပါဘူး

သိပ်လွယ်လွန်းတဲ့စကား

ဘာများလဲလို့ 

မာယာများတဲ့သူတွေပါ

လောက ကို လှည့်ဖျား

ရိုးသားမှုကို အရောင်ချယ်

နာမည်အတု ကို အလုအယက် လိုချင်ကြတဲ့သူတွေ

ဘာတဲ့ ပြောပါသေးတယ် "လူကြီးလူကောင်း" တဲ့။

....................................

ဘရယ်တော့ ဟုတ်ပါဘူး ခံပြင်း စိတ်လေး တခုကြောင့်ရေးမိသွားတာ...ဒူ့ ကို မှ စိတ်ဆိုးဘူးနော်

Oct 25, 2008

ကမ္ဘာပျက်ခြင်း

ငါက အချစ်ဆိုတာ ကို

ပိုးမွေးသလို မွေးတယ်

နင်က အပျော်အပျက်နဲ့ 

ချစ်ခြင်းမေတ္တာ ကိုဖိနပ်လိုစီးတယ်

အချစ်ဆိုတာ ရုပ်သိမ်းလို့ ရတဲ့အရာဆိုရင်

ငါအခြောက်တောင် ခံခဲ့မှာမဟုတ်ဘူး

ငါ့နှလုံးသား ကိုခွဲပြီး ငါ့အသဲကိုယူပါ

ငါ့ကဗျာတွေကို ယူပြီး

ငါ့မဟုတ်တဲ့ တခြားတစ်ယောက်ကိုရွတ်ပြလိုက်

နှလုံးသားတွေ ဆွေးမြေ့ တဲ့ထိ

ငါမငိုချင်တော့ဘူး

မင်းအတွက် ဒီခွဲခွါခြင်းဟာ

တရားမျှတမယ်ဆိုရင်

ငါ့အတွက်တော့

ကမ္ဘာပျက် ခဲ့ခြင်းပဲ ဖြစ်လိမ့်မယ် ။

Sep 29, 2008

ဝေဒနာ့ သစ္စာ

ဒီဘဝ


သူ့ အဓိပ္ပါယ်နဲ့ သူ


ချစ်ခြင်းမေတ္ကာဟာ ချစ်ခြင်းမေတ္တာလို ရှိစေ။


အမျက်ဒေါသဟာ အမျက်ဒေါသလို ရှိပါစေ။

စိတ်ဆင်းရဲ ခြင်းကို

ဘုရားမှာ ပန်းလိုကပ်လှူပြီး

ဆုတောင်းမိပါရဲ့ ။

ရင်ကွဲသံ

ဒါမှမဟုတ်

ငါ့ဘ၀တစ်ခုလုံး အသားနုပြန်မတက်အောင်

တဆစ်ဆစ် ကိုက်ခဲနေမယ့်ဝေဒနာ

ဘ၀အစဉ်အဆက်

ငါ့ကိုယ်ငါ သဲလွန်စရှာမရအောင်

အတိတ်မေ့သူ ဖြစ်စေကာမူ။

ချစ်ခြင်း

မုန်းခြင်း

လွမ်းဆွတ်ခြင်း

ခံစားမှုမှန်သမျှ သုညဖြစ်ပါရစေ။

အရှင်လတ်လတ်

ငရဲကျသလို ပူပွက်နေတဲ့စိတ်

အသည်းကွဲခြင်းကို ကမ္ဘာပျက်အောင် အောင်ဟစ်လို့ 

ဒီ နာကျင်မှုကဗျာ

အငါ့ဝေဒနာနဲ့  သစ္စာဆိုလိုက်တယ် ချစ်သူ။

Aug 17, 2008

မယုံဘူး

တည်ငြိမ်မှူမရှိတဲ့ ဒီကံကြမ္မာတွေကြားမှာ
ငါဘာကိုများ ယုံကြည်ရမှာလဲ
မာယာများတဲ့ ရာသီဥတုတွေကိုလည်းငါမယုံဘူး
ရေငွေ့ ပျံရာမိုးရွာတက်တဲ့ တိမ်လွှာတွေကိုလည်းငါမယုံဘူး
မြေနိမ့်ရာ လှံစိုက်တက်တဲ့ လေးညို့ ရှင်တွေကိုလည်းငါမယုံဘူး
စာနာမှူကင်းမဲ့တဲ့ လူယဉ်ကျေးတွေကိုလည်း ငါမယုံဘူး
ဟုတ်တယ် ငါဘယ်သူ့ ကိုမှမယုံဘူး

ရူးသွပ်မှူ

ငါယုံကြည်လိုက်တဲ့မိုးရေတွေထဲမှာ
ချစ်သူသက်ပျင်းချသံဟာ
တိတိကျကျကို ရူးသွပ်စေခဲ့တယ်
နေ့ ရက်တွေကတိုတောင်းတယ်ဆိုပေမဲ့
အလွမ်းတွေကရှည်နေတုန်းပါပဲ
တံခါးတွေလုံအောင်ပိတ်ထားပါရက်နဲ့ 
ဘာလို့ များ ငါ့စိတ်တွေ မလုံရတာလဲ
ရနံ့တွေ ပျယ်သွားကတည်းက
နှလုံးသားတစ်ခုလုံး မြေလှန်ဖြစ်ဖို့ ကောင်းတယ်
အခုတော့သိုသိုသိပ်သိပ်နဲ့ အလွမ်းဖြေ
အချစ်ဆိုတာ မကြားချင်လဲနားထောင်နေရတဲ့
တစ္ဆေပုံပြင်တစ်ပုဒ်လိုပါပဲ
ဆွံ့ အသူတစ်ယောက်လိုတိတ်ဆိတ်
မျက်စိမြင်ပြီးအလင်းပျောက်သူ
တိမ်အတုရွာတဲ့မိုးမှာ
နှလုံးသားကတစ်ဘ၀စာ ဖျားနာခဲ့ရပြီ။

Jul 12, 2008

ဆောင်းညအိမ်မက်

Goth
စိမ်းတမြမြနဲ့  ယိမ်းနွဲ့ လှပနေတဲ့
စပါးခင်းတွေက
လွမ်းဆွတ်နေဟန် ကျေးငှက်တေးသံ
လေးတွေနဲ့ အတူ မိုးရေမိုးပေါက်
နှင်းစက်တို့ သောက်ကာ
အာရုံဦးကို ကြည်နူးစေဲ့ပြီ....။
*
နေပူပူမှာ လေပူကို ရှူမိပြန်တော့
အိပ်စက်နေတဲ့ နှလုံးသားတွေက
တစ်ရေးနိုးပြန် ....
စမ်းရေကြသံတွေနဲ့ အတူ
မှုန်ရီမှေားပြာ တောင်တန်းတွေကျော်ဖြတ်ကာ
မှန်းဆလို့ ရမ်းရော် တမ်းတလို့ မျှော်နေရပြန်ပြီ....။
*
နောက်တောင်ဆွယ် ပျောက်နေကွယ်ပြန်တော့
အိပ်တန်းပြန် ငှက်မှောင်နှံတို့ လို
ငွေမှန်ရောင် တိမ်ဆောင်တွေကြားမှာ
ချစ်သူကိုပြေးယူလို့  ပွေ့ ဖက်ထားချင်ပြီ....။
*
ညမှောင်မှောင် လရောင်က၀ိုးတို့ ဝါးတား
မှေးမှိတ်မှိတ်ကြယ်တွေကလည်း မအိပ်ဆက်နိုင်
အေးစိမ့်စိမ့်ရာသီကလည်း အညှိးကြီးပြန်တော့
တသွေ့ သွေ့ တိုက်ခတ်လာတဲ့ လေညှင်းနဲ့ အတူ
ချစ်သူလေးများပါလာလေမလားလို့ 
မအိမ်စက်နိုင် အတွေးမပြတ်နိုင်တော့ပြီ...။
(ပုလဲညို)

Jul 4, 2008

ဘယ်မှာလဲ

တိမ်ဆိုင်တွေမုန်တိုင်းတွေကြားမှာ
ပြည်သူတွေရဲ့ ယုံကြည်ချက်တွေ အရောင်လွင့်ပျယ်နေကျ
ပါတ်ကြားအက်နေတဲ့
နွေလယ်ခေါင်ခေါင်ထဲမှာ
တောင်ပံရိုက်ချိုးခံနေတဲ့ ငှက်တွေလို
ပြည်သူတွေရဲ့အနာဂါတ်တွေလဲ
ဘယ်ရောက်နေမှန်းမသိတော့ဘူး
***********

Jun 28, 2008

အလွမ်းရင်ပြင်မှာ



ရာသီလွန်အလွမ်းတွေကြားမှာ

အချစ်ကိုထမ်းထားရတဲ့နှလုံးသားကချိနဲ့ နေပြီ

တမ်းတတဲ့ အရာတွေက

ဘ၀နဲ့ လိုက်ရောညီထွေမှူမရှိတော့

့အသိနဲ့ သတိရပ်တည်မှူဟာ

တဖြည်းဖြည်းေ၀၀ါးလာမှာစိုး

တယ်မရွေးလျှောက်ချင်တဲ့လမ်းဆိုရင်

ဘာလို့ ကွေ့ ကောက်ပြီးလျှောက်နေရတာလဲ

ဖြတ်လျှောက်ယုံလေးနဲ့ တော့

နှလုံးသားကို မခင်းပေးပါရစေနဲ့ လား

နာကျတဲ့ရင်အစုံဟာ

အလွမ်းရင်ပြင်မှာဝင်သက်ထွက်သက်တွေ နဲ

့အငြင်းအခုံဖြစ်မှာကို ကြိုသိနေလို့ ပါ။

Feb 9, 2008

တေလေမှတ်တမ်း


လရောင်ကိုငြိမ်းရတဲ့လက်
သက်သာမယ်ထင်နေလားချစ်သူ....

ကျမက...
ကိုယ်ကူးတဲ့ပင်လယ်ကြောင်းတောင်
ကိုယ်နှ့ံစပ်အောင်မပြောနိုင်သူ...
ရင်ကွဲစုတ်ချက်တွေနဲ့ 
တစ်နေ့ ချင်းမြေပုံပျောက်ရင်း
ခေါ်သံတွေဝေးရမဲ့အဖြစ်
ခြေစုံရပ်နေရတာ
မောလှပါတယ်.......။

လူတစ်ယောက်က တစ်ယောက်ကို
တိတ်တိတ်ကလေးချစ်ပြီး
တစ်သက်လုံးနေသွားလို့ ရတယ်တဲ့
အလွမ်းတွေတောင်ကြေမွ
အိမ်မက်တွေကြိုးပျက်ရတဲ့ကြောင်းကတော့
အဲဒါပါပဲ.....။