Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

Aug 10, 2009

ရွှေရောင်ငှက် နဲ့ ငွေရောင်ငှက်

........
တစ်ခါက ထင်းခုတ်သမား တစ်ဦးဟာ နေ့တိုင်း တောထဲသွားပြီး ထင်းခုတ်လေ့ရှိတယ်။ တစ်နေ့မှာ ထင်းခုတ်သမားဟာ ခါတိုင်းနေ့လိုပဲ ထင်းခုတ်ဖို့ အိမ်ကထွက်ခဲ့တယ်။ အသွားလမ်းမှာ ထင်းခုတ်သမားဟာ ဒဏ်ရာရထားတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်မိတယ်။ ငှက်ရဲ့ တစ်ကိုယ်လုံးက ငွေရောင်အမွေးအတောင်နဲ့ တဖိတ်ဖိတ် လှပနေခဲ့တယ်။ ထင်းခုတ်သမားက ငွေရောင်ငှက်ကိုတွေ့တော့ "ဟာ... ငါ့တစ်သက် ဒီလောက်လှတဲ့ငှက်မျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး" လို့ဆိုပြီး ငှက်ကို အိမ်ယူလာပြီး ဆေးကုပေးခဲ့တယ်။

ဆေးကုသနေတဲ့ အချိန်အတွင်း ငှက်က ထင်းခုတ်သမားကို နေ့တိုင်း သီချင်းဆိုပြတယ်။ သာယာတဲ့ ငွေရောင်ငှက်ရဲ့သီချင်းသံကြားမှာ ထင်းခုတ်သမား ပျော်မွေ့နေခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ အိမ်နီးချင်း မိတ်ဆွေတစ်ဦးက ငွေရောင်ငှက်ကို မြင်တော့ ထင်းခုတ်သမားကို ရွှေရောင်ငှက်ကို သူတွေ့ဖူးကြောင်း ပြောပြတယ်။ ရွှေရောင်ငှက်က ငွေရောင်ငှက်ထက်လှပြီး အသံပိုချိုကြောင်း ထင်းခုတ်သမားကို ပြောတယ်။ ထင်းခုတ်သမားက ရွှေရောင်ငှက်လည်း ရှိပါလားဆိုပြီး ရွှေရောင်ငှက်ကို တွေ့ချင်မြင်ချင်စိတ်တွေ တဖွားဖွား ပေါ်လာခဲ့တယ်။

ငွေရောင်ငှက်ဆိုပြတဲ့ သီချင်းတွေကိုလည်း ဂရုတစိုက် နားမထောင်နိုင်တော့ဘဲ ရွှေရောင်ငှက်ကိုပဲ တမ်းတနေခဲ့တယ်။ ထင်းခုတ်သမားမှာ အပျော်ဆိုလည်း မရှိခဲ့တော့ပါဘူး။

တစ်နေ့မှာ ထင်းခုတ်သမားက အိမ်ရှေ့မှာ ထိုင်ပြီး နေဝင်ဆည်းဆာကို ငေးမောကြည့်နေခဲ့တယ်။ စိတ်ထဲမှာလည်း ရွှေရောင်ငှက်က ဘယ်လောက်လှပမလဲလို့ တွေးတောနေခဲ့တယ်။ အဲဒီအချိန်မှာ ဒဏ်ရာပျောက်ကင်းစ ဖြစ်ပြီဖြစ်တဲ့ ငွေရောင်ငှက်က အိမ်ကနေခွါဖို့ ပြင်ဆင်ခဲ့တယ်။ ငွေရောင်ငှက်က ထင်းခုတ်သမားနား ပျံသွားပြီး နောက်ဆုံးအကြိမ် သီချင်းဆိုပြခဲ့တယ်။ သီချင်းနားထောင်ပြီးနောက် ထင်းခုတ်သမားက "နင့်သီချင်းသံက နားထောင်လို့ ကောင်းပေမယ့် ရွှေရောင်ငှက်လောက်တော့ မီမယ်မထင်ပါဘူး။ နင့်အမွေးအတောင်တွေက လှပတယ်ဆိုပေမယ့် ရွှေရောင်ငှက်လောက်တော့ လှမယ်မထင်ဘူးလို့" ပြောလိုက်တယ်။


ငွေရောင်ငှက်က သီချင်းဆိုပြီး ကျေးဇူးတင်တဲ့အနေနဲ့ ထင်းခုတ်သမားကို သုံးကြိမ်လည်ပတ်ပြီးနောက် နေဝင်တဲ့ဖက်ကို ဦးတည် ပျံသန်းသွားခဲ့တယ်။ ငွေရောင်ငှက် ပျံသွားတာကို ထင်းခုတ်သမား ငေးကြည့်ရင်း ရုတ်တရက် နေရောင်အောက်မှာ ငှက်ရဲ့ ငွေရောင်အမွေးတွေဟာ ရွှေရောင်အသွင်ဖြစ်နေတာကို တွေ့လိုက်မိတယ်။ သူညစဉ် အိပ်မက် မက်ခဲ့တဲ့ ရွှေရောင်ငှက်လေး၊ သူတမ်းတနေတဲ့ ရွှေရောင်ငှက်ဟာ သူဘေးမှာပဲ ရှိနေခဲ့တာကို သူမသိခဲ့ဘူး။ ခုတော့ ငှက်ကလေးက ဝေးဝေးနဲ့ မြင့်မြင့်ကို ပျံသန်းသွားခဲ့ပါပြီ။

အခုလက်ရှိ သင်ရဲ့ ချစ်သူက ရုပ်ချောချင်မှလဲ ချောမယ်၊ အရပ် မြင့်ချင်မှလဲ မြင့်မယ်၊ ကိုယ်လုံးလှချင်မှလဲ လှမယ်၊ ဌေးချင်မှလဲ ဌေးမယ်၊ သင့်အနားမှာ အချိန်ပြည့် ရှိချင်မှလဲရှိမယ်၊ သင်သတ်မှတ်ထားတဲ့ ယောက်ျားပီသသူ/ မိန်းကလေးပီသသူလဲ ဖြစ်ချင်မှဖြစ်မယ်။

ဒါပေမယ့်...
လူတွေဟာ တစ်ခါတလေ ကိုယ့်ကိုယ်ကို သတိမထားမိချိန်မှာ ထင်းခုတ်သမား ဖြစ်သွားတတ်ပါတယ်။ ရွှေရောင်ငှက်ဟာ ကိုယ့်ဘေးမှာပဲ ရှိနေခဲ့မှန်း သတိမထားမိ ဖြစ်တတ်ကြတယ်။ အနားမှာရှိတဲ့ ငွေရောင်ငှက်ထက် ရွှေရောင်ငှက်ရဲ့ အသံက ပိုသာမယ်လို့ ထင်ကြပြီး ရွှေရောင်ငှက်ကိုပဲ ပိုအလိုရှိခဲ့ကြတယ်။

ထို့ အတူပါပဲ တခါတလေ လူတွေဟာ အနားက တန်ဖိုးရှိတဲ့အရာတစ်ခုကို သတိမပြုမိပဲ...လက်လွှတ်ဆုံးရှုံးတော့မှ တန်ဖိုးသိလာတာတွေ အများကြီးရှိနေတက်ပါတယ်။ ဒီတစ်ခုထက် ဟိုတစ်ခု ကောင်းနိုးနိုးနဲ့ မသိမသာ ထင်းခုတ်သမားတွေ ဖြစ်မသွားကြပါစေနဲ့လို့.. ဆုတောင်းပေးလိုက်ပါတယ်နော် ..။

မြန်မာချက်ဝန်လိုင်းဖိုရမ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်ရှင် (တချို့ စာသားများကို စီလျှော်အောင်ပြုပြင်ထားပါသည်)

Jul 17, 2009

ငှက်ငယ်လေး ခရီသွားခဲ့သည် ။

........အခုတလောလေ...ညလေးအရမ်းစိတ်တွေရှုပ်နေလို့ ဘလော့ကို မရောက်ဖြစ်တော့ဘူး...အင်တာနက်လည်း သိပ်မတက်တော့ဘူး...စာတွေလည်း မရေးဖြစ်တော့ဘူး....အကိုအမတွေ အိမ်တွေလည်းမရောက်ဖြစ်တော့ဘူး...ဘလော့ကိုလေ အရမ်းဝင်ချင်တယ်...စာတွေလည်း အများကြီးရေးချင်တယ်...ရင်ထဲရှိတာတွေအားလုံးကို ရေးချကြေးဆို တစီတတန်းကြီးနဲ့ ရေးလို့ တောင်ပြီးမှာမဟုတ်ဖူး...။ ညလေးက မလာဖြစ်တာကြာတော့ ညလေးကို မေ့သွားကြပီလားမသိဘူးနော်..း( ... ဘာပဲပြောပြော စာရေးတွေရေး ၊tag လေးတွေရေးပြီး နေရတာလေးကလည်း စိတ်ကို တမျိုးပျော်ရွှင်စေတာပဲလေ...။ ညလေးမလာနိုင်ပေမဲ့ ညလေးဆီကို လာလာလည်ကျတဲ့ အကိုအမတွေကိုလည်း ကျေးဇူးပါပဲနော်...ညလေးလည်း အတိုးချပြီးပြန်လည်ဦးမယ်...ဒီနေရာလေးတွေပဲသွားစရာရှိတာနော့....။

ဒီလိုပဲ နေနေတာ...ရက်တွေကြာလာတော့လည်း ငြီးငွေ့ ဖို့ ကောင်းတယ်...စိတ်ညစ်စရာလေးတွေရှိတော့လည်း သူငယ်ချင်းတွေကို ရင်ဖွင့်ချင်ပါတယ်...ဒါပေမဲ့ ကိုယ့်အပူကို သူ့ အပူဖြစ်မှာလည်း စိုးတယ်လေ...။ အဲလိုလည်း မညှင်းရက်ပါဘူး..အဲဒါကြောင့် စိတ်ထဲမှာ ရှိသမျှ စုပုံပြီး သော့ခတ်သိမ်းထားလိုက်တယ်...အခွင့်ရတဲ့ တနေ့ ကျမထုတ်ရှင်းတော့မယ်...(ပျင်းပြီ) ..."Everything happened have a reason " ဖြစ်သမျှ အကြောင်းအရာတွေအားလုံးမှာ အကြောင်းပြချက်တစ်ခုဆီရှိတယ် ဆိုသလိုပဲပေါ့..."Not everything that faced can be changed, But nothing can be changed untill it is faced" ရင်ဆိုင်ခဲ့ ရတဲ့ အခက်အခဲအားလုံး မပြောင်းလဲနိုင် ပါဘူး...ဒါပေမဲ့ မရင်ဆိုင်သရွေ့ တော့ ဘာမှပြောင်းလဲသွားမှာမဟုတ်ဖူး တဲ့ စကားပုံလေးတောင်ရှိသေးတယ်လေ..အဲတော့လည်း ပြသနာတွေအားလုံးကို ရင်ဆိုင်လိုက်တယ်...အဲလိုပြသနာတွေကြုံလာတော့ ဆရာတော် ဦးဇောတိက ဟောဖူးတဲ့ စကားတခွန်း ကိုသွားသတိရတယ်.... "We cannot expect to go through life without being confronted with pain " ဒုက္ခ မကြုံရဘဲ ကိုယ်ဆင်းရဲမှုမကြုံရဘဲနဲ့  ဘ၀ခရီးကို ဖြတ်သန်းလို့ မရဘူးလို့ ဟောထားတယ်...။ သိပ်မှန်တာပဲနော်....ဘာအခက်အခဲမှ မရှိပြန်တော့ ဘ၀ဆိုတာက ပေါ့ပျက်ပျက်ကြီးဖြစ်သွားမှာပေါ့နော်...အခက်အခဲလေးတွေ ဖြတ်သန်းရတော့ အဲဒီအခက်အခဲတွေထဲကနေ သင်ခန်းစာလည်းရတာပေါ့...(ပြောရင်းဆိုရင်းတရားစခန်းတောင်ဝင်ချင်လာပီ) ... တော့ပစ်ပြောင်းတော့မယ်....မဟုတ်ရင် လာလည်တဲ့ အကို အမတွေပါ စိတ်ညစ်သွားမှာဆိုးရတယ်း)

ဟိုတလောကတော့ နယူးယောက် Utica ကို ရောက်ဖြစ်တယ်...အပျော်သက်သက်တော့ဟုတ်ပါဘူး...ဖေဖေနဲ့ လိုက်သွားတာ...အပြန်ကျတော့ Buafflo ကိုဝင်တယ် ပြီးတော့ အမေရိကန် နဲ့  ကနေဒါနယ်ဆပ်က Niagara Fall ကိုဝင်တယ်. အရမ်းကိုလှတဲ့ နေရာတခုပါပဲ...ဒီဘက်က အမေရိကန်ဆို...ဟိုဘက်ကမ်းက ကနေဒါ လှမ်းကြည့်ရင်မြင်နေရတယ်...ကနေဒါ ကသူတွေကလည်း လာလည်...ဒီဘက်ကလူတွေကလည်း လာလည်ဆိုတော့ လူတွေက စည်စည်ကားကားနဲ့  ...ခက်တာက ကင်မရာမေ့ကျန်ခဲ့တား(...ဓါတ်ပုံမရိုက်ရလို့ ဆိုပြီး အဖေ့ကို စိတ်တွေထိုင်ကောက်လို့ ...အဖေက မနည်းပြန်ချော့ခဲ့ရသေးတယ် :P...ဒါပေမဲ့ ညလေးက ကံကောင်းတယ်သိလား..မင်းသမီးဆိုတော့ (ကြုံတုန်းကြွားပြီ (မင်းသမီးဆိုတာက သူများသမီးမဟုတ်ဖူးလို့ ပြောတာ ဟီးး :P) ဖေဖေ့မိတ်ဆွေတွေထဲက ဟိုလူကဓါတ်ပုံရိုက် ဒီလူကဓါတ်ပုံရိုက်ဆို တော့ အဲပုံတွေကို မေးလ်ကနေ ပြန်ပို့ ပေးကြတယ်လေ :P (သြော်ကြည့်မနာလိုဖြစ်နေကျပြီ ခက်တော့တာပဲ) .စတာနော်...အဲလို မနောက်ရတာကြာပြီဆိုတော့..ပြီးတော့ Indiana Fortwayne ကို ခဏလေးဝင်ပြီးတော့ ပြန်လာခဲ့ပါတယ်...။ ညလေးတို့ က ကားမောင်းပြီးသွားကျတာဆိုတော့ လမ်းမှာ တော့ ဟိုဝင်ဒီထွက်နဲ့ ပေါ့...ဒါကတော့ စိတ်မပြေ လက်မပျောက် ခရီးလေးပေါ့နော် (ကားမောင်းရလို့ :P ) ... နောက်မှဓါတ်ပုံလေးတွေတင်ပေးမယ်နော်...အခုတော့ ဘလော့လျှောက်လည်လိုက်ဦးမယ်း)

Nov 30, 2008

ခွင့်တိုင်စာ


မမတို့ ကိုကို တို့ ရေ...
ရာသီဥတုကမကောင်း
ကံကြမာတွေက မျက်နှာသာမပေး
လှောင်အိမ်ထဲက ငှက်ကလေးတော့
အားငယ်တက်ပါ တယ် ဆိုမှ
ဝမ်းနည်းစရာတွေက ကြုံ
အစုံပဲပေါ့ မမတို့ ကိုကို တို့ ရယ်
ကြယ်ပြန့် လွန်းတဲ့ ကောင်းကင်ပြာကြီးထဲမှာ
အတောင်ပံဖြန့် ပျံသန်းနိုင်ဖို့ 
ခွန်အားမရှိသေးတာကြောင့်
အိမ်လေးထဲမှာပဲ နားပါရစေဦးလို့ 

ခွင့်တောင်းလိုက်တာပါ။
(အမြဲတမ်းလာလည် ပေးတဲ့ ဘလော့ ညီအကို မောင်နှမတွေးအားလုံးကို ကျေးဇူးတင်ပါတယ်နော်....ငှက်လေး လာမလည်နိုင်တာကို တော့ ခွင့်လွှတ်ပေးကြပါဦး)
PS မမ၀ါ ပြောထားတဲ့ tag လေးကို ညလေး ပြန်လာတာ နဲ့ ရေးပေးပါ့မယ်နော်

Oct 30, 2008

Halloween

Halloween မှာ အောက်တိုဘာ၃၁ရက်နေ့ ညနေခင်းမှာ ဆင်နွှဲသော အပြည်ပြည်ဆိုင်ရာ အားလပ်ရက်ဖြစ်ပါတယ်။ ဒီခတ်မှာတော့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းမှာရော ဆင်နွှဲကြပါတယ်။ Halloween activities တွေကတော့ trick or treating လို့ခေါ်တဲ့ မုန့်(သို့)လက်ဆောင် တခုခု ပေးလျင်ပေး၊ မပေးလျင် ဒုတ္ခပေး ခံရမယ် ဆိုတဲ့လုပ်ရပ်မျိုး၊ မီးပုံပွဲလုပ်ခြင်းမျိုး၊ သရဲရထား(သို့)သရဲအိမ် သို့သွားရောက်လည်ပတ်ခြင်းမျိုး၊ ဝတ်စုံဆန်းများဝတ်ရသော ပါတီပွဲများသွားရောက်ခြင်းမျိုး ၊ သရဲခြောက်သည်ဟု နာမည်ကြီးသည့်နေရာများကို သွားရောတ်ခြင်းမျိုး၊ jack-o-lantern လို့ခေါ်တဲ ဖရုံသီးမီးအိမ် ထွင်းလုပ်ခြင်းမျိုး၊ ကြောက်စရာကောင်းသောပုံပြင် များ ဖတ်ပြခြင်းမျိုး၊ နှင့် သရဲကားများထိုင်ကြည့်ခြင်းမျိုး တွေ ဖြစ်ပါတယ်။ ၁၉ရာစု မှာ မြောက်အမေရိကသို့ လာရောက်နေထိုင်ကြသော အိုင်းရစ် နှင့် စကော့တစ် လူမျိုးများမှ ယင်းဓလေ့ထုံးတမ်း ကိုသယ်ဆောင်လာခြင်း ဖြစ်ပါတယ်။ အခြား အနောက်နိုင်ငံများကတော့ ၂၀ရာစုနှောင်းပိုင်းလောက်မှ လက်ခံကျင့်သုံးလာကြပါတယ်။ Halloween ကို အနောက်ကမ္ဘာမှာတော့ နိုင်ငံတော်တော်များများမှာ ဆင်နွှဲကြပါတယ်။ အသိများဆုံးနိုင်ငံများကတော့၊ ယူနိုက်တတ်စတိတ်၊ ကနေဒါ၊ အိုင်ယာလန်၊ ပေါ်တိုရီကို၊ ဂျပန်၊ အော်စတေးရီးရား၊ ယူနိုက်တက်ကင်းဒမ်း၊ နှင့် နယူးဇီလန် နိုင်ငံ၏ အချို့နေရာများ တွင်ဆင်နွှဲကြသည်။
Halloweenပွဲတော်ဟာ samhain လို့ခေါ်တဲ့ ရှေးဟောင်း celtic လူမျိုးတွေရဲ့ ပွဲတော် မှဆင်းသက်လာတာပါ။ samhain ပွဲတော်မှာ Gealic ဓလေ့အရ၊ ကောက်သိမ်းရာသီအဆုံးအတွက် ဆင်ယင်ကျင်းပခြင်းဖြစ်သလို ၊ Celtic လူမျိုးနှစ်သစ်ကူးပွဲ အနေနှင့်လဲ သတ်မှတ်ကြပါတယ်။ ရိုးရာအရတော့ ဒီပွဲတော်ဟာ ရှေးဟောင်း celtic pagan လူမျိုးများ ဟာ ဆောင်းတွင်းကာလအတွက် မွေးမြူထားသောတိရိတ္ဆန် များကို သတ်ဖြတ်ကြချိန် တွင်ဆင်နွှဲကြခြင်း ဟုလဲသိရပါတယ်။ ရှေးဟောင်း Gale လူမျိုး များ အယူအရ samhain ပွဲတော်(ယခု Halloween) ပွဲတော် ရက် အောက်တိုဘာ၃၁ရက်မှာ လူ့လောက နှင့် တမလွန် ခြားထားသော စည်းမှာ ရောပြွန်းသွားပြီး၊ တမလွန်မှ နာနာဘာဝများ မှာ လူသားများ ကို အဖျားအနာ၊ ကောက်ပဲသီးနှံများပျက်ခြင်း စသည့် မကောင်းသောရလတ် များကို ပေးတတ်သည်ဟုယုံကြည်ကြသည်။ Halloween ပွဲတော်တွင် မီးပုံပွဲ ဆင်နွှဲခြင်းမှာ ယခင်က တိရိတ္ဆန် များကိုသတ်ပြီး အရိုးများကို မီးပုံရှို့ ခဲ့သည့်မီးပုံကြီးအား ဆောင်ယူခြင်းဖြစ်ပြီး၊ ထူးဆန်းဝတ်စုံများ နှင့် မျက်နှာဖုံးများ ဝတ်ဆင်ကြခြင်းမှာ မကောင်းဆိုးဝါးများအား ဖျော်ဖြေခြင်း (သို့) သူတို့နှင့် ငြိမ်းချမ်းရေးရယူတဲ့သဘောပါ။
....................................................
ကဲအခု Hollowen day အကြောင်းကို အကျဉ်းချုပ်ပြောပြီင်္းပီ ဆိုတော့ ငြိမ်းရဲ့ မနှစ်က Hollowen day မှာ အပျော် ရိုက်ထားတဲ့ ဓါတ်ပုံလေး တင်ပေးလိုက်တယ်နော် ပြီးတော့ ဒီနှစ် ခင်တဲ့အကို ကြီးတယောက် က အမှတ်တရ လုပ်ပေးထားတဲ့ ဓါတ်ပုံလေးကို တင်ပေးထားပါတယ် ။တူများတွေ ကြောက်မကြောက်တော့တိဘူး အဲဓါတ်ပုံလေးစရ ကာစနေ့ တုန်းက ကြောက်ပီး အိမ်မက်ပါ မက်တယ် အဲလောက် လှတာ ဟီးးး ကြောက်တက်ရင်တော့ ကြည့်နဲ့ နော် ပြီးတော့မူရင်းပုံလေး တစ်ပုံပါတင်ပေးထားပါတယ်ရှင် ။ ပြီးရင်တော့ သကြားလုံး ကြွေးသွားပေါ့နော် :P ။



......................
ပို့ စ်တင်တာ ၁ ရက်စောသွားတဲ့အတွက်ကြောင့် သရဲများနေ့ လေးကလည်း တရက်စောသွားပါတယ် ။ ဟီးး ဒါကတော့ လာလည်ကြတဲ့သူငယ်ချင်းတွေကို ရထားတဲ့ သီကြားလုံးလေးတွေပြန်ဝေပေးလိုက်တာပါ။
ကိတ်မုန့် လေးတွေပါ ပါတယ်နော် ။ စားကြပါဦး ရှင့်။ :D
cupcake Pictures, Images and PhotosPhotobucket Photobucket

Jul 20, 2008

မြန်မာရေဒီယိုနားထောင်မယ်

ငှက်လေးရဲ့ အိမ်မှာ မြန် ရေဒီရိုနားစဉ်လို့ ရပြီနော်....။အဖြူရောင်သံစဉ် ရေဒီယိုလို့ ရေးထားတဲ့  player ကို ကလစ်လိုက်ရင်ရပါပြီ..။၂၄ နာရီလုံး နားစဉ်လို့ ရပါတယ်ရှင်...။ အဝေးရောက် သီချင်းချစ်သူ မြန်မာသူငယ်ချင်းမိတ်ဆွေတွေအတွက် အထူးပြုလုပ်ထားတဲ့ အဖြူရောင်သံစဉ် ၀ပ်ဆိုဒ်လေးမှ ရေဒီယိုအစီအစဉ်လေးဖြစ်ပါတယ်။ ပျော်ရွင်ပါစေ...။

Jul 16, 2008

ငှက်ငယ်လေးရဲ့ အိမ်

ဒါကတော့ငှက်လေးရဲ့ အိမ်မှာ သူငယ်ချင်းတွေအားလုံးကို အလည်တစ်ခေါက်လာရောက်ဖို့ ဖိတ်ခေါ်လိုက်တယ်နော်....။း)

Apr 15, 2008

thinking about him


HTML

<a href="http://s237.photobucket.com/albums/ff316/ainah11/?action=view&amp;current=glitter.gif" target="_blank"><img alt="glitter" border="0" src="https://lh3.googleusercontent.com/blogger_img_proxy/AEn0k_tAuU1ywNqc_1R0X0G8OWn04bVx7rYRkyMTb3C21MDmJ31BiYP6y_QETX2AhvvDATi1Bd4fwndMiu6Mbm00A41secD9x5oK8h4I0TzwjLka0Gn7bxb3EtrQ74IEC3c7=s0-d"></a>


URL
http://i237.photobucket.com/albums/ff316/ainah11/glitter.gif

Apr 14, 2008

နှစ်သစ်ဆုတောင်း



သင်္ကြန်ရေအေးအေးလေးနဲ့ သငယ်ချင်းတွေကို ၀န်လိုင်းကနေပဲရေလောင်းလိုက်တယ်နော်...
နှစ်သစ်မှာပျော်ရွင်နိုင်ကြပါစေ.....။ကဲ..ကဲကြုံတုန်းကြုံခိုက်မုန့် စားသွား..ငရုပ်သီးများများလေးနဲမုန့် လုံးရေပေါ်ကြွေးချင်တာ..ခတော့ရှိတာပဲစားသွားကြပေါ့ ...။:)

Feb 16, 2008

i miss u





HTML

<a href="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ZuyB2k5XuKPet3vIxWMw8OgOkhzXFOZ-pAskTTEemo7-cyBYN7fFtoJem3nqn6reueUj7sleI9jdLY1x90onFM0dG5jbOWVdP6oIV8AvCNRYHzBdTvPTtvUFySvrMW3G-z1DukaefU5v/s1600-h/5.gif"><img alt="" border="0" id="BLOGGER_PHOTO_ID_5167746049552147170" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ZuyB2k5XuKPet3vIxWMw8OgOkhzXFOZ-pAskTTEemo7-cyBYN7fFtoJem3nqn6reueUj7sleI9jdLY1x90onFM0dG5jbOWVdP6oIV8AvCNRYHzBdTvPTtvUFySvrMW3G-z1DukaefU5v/s320/5.gif" style="float:left; margin:0 10px 10px 0;cursor:pointer; cursor:hand;" /></a><br />

beautiful





<a href="http://www.glitter-graphics.com"><img border="0" height="500" src="https://lh3.googleusercontent.com/blogger_img_proxy/AEn0k_sdj4rmZZyQt_gx_tTqAGrCWXWmvIsd8NGX2BpGLbU2ce6FFO0nK6n71-5l1KUsAqx-WwL9P9r--26o4yD2UMT2yIP2Jcj9JiGzOX-ifueCrs47jNxnN-l_tXO9IeRBPg=s0-d" width="400"></a><br /><a href="http://www.glitter-works.org" target="_blank">glitter-graphics.com</a>

Jan 26, 2008

တွေ့ ရင်ပြောပေးပါ



လပြည့်ရယ် နင့်ကိုငါအရမ်းသတိရတယ်ဟာ..။နင်ပေးခဲ့တဲ့လိပ်စာလေးနဲ့ ဓါတ်ပုံလေး ငါ့ဆီမှာမရှိတော့ဘူး...။ငါကိုငါအမြဲအပြစ်တင်နေမိတယ်...။နင်ပေးထားတဲ့ဒိုင်ယာရီစာအုပ်လေးထဲမှာ ငါဘာမှမရေးရက်ခဲ့ ပါဘူး...။တကယ်ပါငါနင်နဲ့ ပြန်ဆုံချင်သေးတယ်..ဘ၀တကွေ့ မှာပေါ့...။ငါတို့ သူငယ်ချင်း နှစ်ယောက်ရဲ့ ခင်မင်မှူတွေစစ် မှန်ခဲ့တယ်ဆို...တနေ့ မှာ နင်နဲ့ ပြန်တွေ့ ခွင့်ရမယ်လို့ ငါယုံကြည်မျှော်လင့်နေပါတယ်...။

(ရန်ကင်းအ.ထ.က(၁) မှ သိပ်ချစ်ရသော သူငယ်ချင်းမလေး လပြည့်အေးချမ်း...သို့ )