Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

Aug 4, 2009

ငှက်ငယ်လေး ကောင်းရာသုကတိလားပါစေ

........
ငှက်ငယ်လေး ဆိုတဲ့ နာမည်ကို ဘာလို့ ပေးဖြစ်ခဲလည်းဆိုရင်...ငြိမ်းကငှက်လေးတွေကိုသိပ်ချစ်ပါတယ်...သူတို့ ရဲ့ သဘာဝကိုလည်းသိပ်သဘောကျတာ...လွန်ခဲ့တဲ့ ၂ လလောက်က စပြီး ငြိမ်း ငှက်လေး ၂ ကောင်ကိုမွေးဖြစ်ခဲ့တယ်...တစ်ကောင်က အပြာလေး..တစ်ကောင်က အစိမ်းနဲ့ အ၀ါဆက်ထားတာ...အပြာလေးက အေးပြီးစွာတယ်...အစိမ်းလေးက အရမ်းသွက်တာ ပြီးတော့ ချစ်ဖို့ ကောင်းတယ်...။ ငြိမ်းရဲ့ အချစ်တော်ပေါ့...တခါတလေ စိတ်ညစ်ပြီးတယောက်တည်း အထီးကျန်ဆန်တဲ့ အချိန်တွေမှာဆို သူတို့ ကိုကြည့်ဖြစ်တယ်...ငှက်လေးတွေနဲ့ စကားပြောတယ်...ဟိုတွယ်ဒီတွယ်နဲ့ ...အချင်းချင်းရန်ဖြစ်လိုက်...ပြေးလိုက်နဲ့ စော့နေတဲ့ သူတို့  ၂ယောက်ကို ကြည့်မိတိုင်း ငြိမ်း အမြဲတမ်းစိတ်သက်သာရာရနေကျ....။ တခါတလေ သူတို့ ကိုချစ်လွန်းလို့ လိုက်ဖမ်းရင် အပြာလေးကအရမ်းကိုက်ပေမဲ့...အစိမ်းလေးက ငြိမ်းကို လှန့် ယုံလောက်လေးရယ် ကိုက်တက်လို့ ငြိမ်းပိုချစ်မိပါတယ်...။ တခါတလေ သူတို့ အရမ်းစော့လို့  ငြိမ်းဓါတ်ပုံလေးတွေ ရိုက်ဖြစ်ခဲ့ရင်...ဆက်မဆော့တော့ပဲ ၂ ကောင်သား ပူးပြီး ငြိမ်လို့ အိုက်တင်ပေးတက်တဲ့ ငှက်လေးတွေရယ်ပါ...။ အပေါင်းအသင်းမရှိတဲ့ ငြိမ်းအတွက် သူတို့ ကပဲအပေါင်းအသင်းတွေလို့ ပြောလို့ ရပါတယ်...။

မနေ့ ကငြိမ်းစိတ်ထဲမှာ ဘာနဲ့ မှမတူတဲ့ စိတ်ဝေဒနာတွေခံစားခဲ့ရတယ်...တချိန်တည်းမှာပဲ ငြိမ်းရဲ့ ငှက် အစိမ်းရောင်လေးက မှိုင်နေပါတယ်...။ အရင်နဲ့ မတူတဲ့ သူ့ ကို ငြိမ်း သတိထားမိလာပါတယ်...။ သိပ်မစော့တော့ဘူး...ငြိမ်းသူ့ ကိုချီရင် ငြိမ်းကို မကိုက်တော့ပဲ ငြိမ်လို့ ရယ်...။ ဒီနေ့ ငြိမ်းအလုပ်ကပြန်ပြန်ချင်း သူ့ ကိုရေတွေတိုက်ခဲ့ပါတယ်...ငြိမ်းအတွက် ငှက်လေးတွေ စမွေးဖြစ်တာ ဒါပထမဆုံးအကြိမ်ဆိုတော့ ထွေထွေထူးထူးဘာမှ မလုပ်ပေးဖြစ်ခဲ့ဖူး...။ ငြိမ်းသူ့ ကိုသနားလွန်းလို့ ကြည့်နေတုန်းလေးပါပဲ...အပြာရောင်လေးက နေမကောင်းဖြစ်နေတဲ့ ငှက်လေးကို ပွတ်သီးပွတ်သပ်နဲ့ ...အရင်ထက် ဂရုတစိုက်ဖြစ်နေတာတွေ့ ရတယ်...ခဏလေးမှာပဲ အစိမ်းရောက်ငှက်လေးက တန်းလေးပေါ်ကပြုတ်ကျသွားပါတယ်...ငြိမ်းက ချက်ချင်းသူ့ ကိုပြန်ကောက်တင်ပေးဖို့ လုပ်ပေမဲ့ အသက်မရှိတော့ရှာပါဘူး...အချိန်တိုတိုလေးအတွင်းမှာပဲ ဖြစ်သွားတော့ ငြိမ်းလည်း အရမ်းကိုအံ့သြပြီး...၀မ်းလည်းနည်းမိတယ်...သူမရှိတော့ ငြိမ်းပိုပြီးအထီးကျန်ဆန်းသလို ခံစားရတယ်...ပြီးတော့ အဲလိုဖြစ်သွားရတာ ငြိမ်းရဲ့ ပေါ့ရော့မှုတွေလားဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်နေမိတုန်းပါပဲ....။ ငှက်လေးသာ အခုချိန်ရှိခဲ့မယ်ဆိုရင် ငြိမ်းသူ့ ကို အရင်ကထက်ပိုပြီး ဂရုစိုက်မိမှာ အမှန်ပါပဲ...။သူမရှိတော့ သူ့ ရဲ့ အဖော်ငှက်လေးလည်း ဘယ်လောက်တောင် ၀မ်းနည်းနေမလည်းဆိုတာ မေးနေဖို့ တောင်မလိုတော့ပါဘူး...။ (တိုက်တိုက်ဆိုင်ဆိုင်ပါ ငှက်ငယ်လေးဆို တဲ့ နာမည်ကို ငှက်လေးမသေခင် တစ်ရက်အလိုမှာပဲ ဘာကြောင့်ရယ်တော့ မသိပြောင်းပြစ်ခဲ့မိပါတယ်)

သေချင်းတရားဆိုတာ လူတွေရယ်မဟုတ်ပါဘူး သတ္တ၀ါတွေပါ တနေ့ မလွဲမသွေရင်ဆိုင်ကြုံတွေ့ ရမဲ့ အရာဆိုတာ သိထားပေမဲ့...တကယ်တမ်း ကြုံလာတဲ့အခါ ရင်ဆိုင်နိုင်ဖို့ ဆိုတာခက်ခဲလွန်းပါတယ်...။ သေသွားမှ တမ်းတနေလို့ တော့ မရနိုင်တော့ပါဘူး...။ ငြိမ်းအခု ခံစားနေရာတာတွေဟာ ငှက်ခလေးတစ်ကောင်အတွက်ရယ်ပါ...မသေခင်က ဂရုမစိုက်ခဲ့မိပါလားဆိုတဲ့ နောင်တတွေမရဖို့ ... လူတိုင်းလူတိုင်းဆင်ခြင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...။ သေဆုံးသွားတဲ့ ငြိမ်းရဲ့ ငှက်ငယ်လေးလည်း ကောင်းရာသုကတိလားပါစေလို့ ဆုတောင်းပေးကြပါနော်....။

Nov 17, 2008

မှတ်တမ်း

ဒီစာလေးကို ရေးရင်ကောင်းမလား မရေးရင်ကောင်း မကောင်းစဉ်းစားနေခဲ့တာပါ။ မြန်မာ စံတော်ချိန် တနင်္ဂနွေနေ့  မနက် ၄ နာရီ ၊ ၁၅.၁၁.၂၀၀၈ မှာ ငြိမ်း(ငှက်ငယ်လေး) ရဲ့ ဖွားဖွား မြန်မာပြည်မှာ ပဲဆုံးပါသွားခဲ့ပါတယ်။ငြိမ်း ဖွားဖွားက မြန်မာပြည်မှာ ဆုံးပါသွားခဲ့တာဆိုတော့ ငြိမ်း တို့ နောက်ဆုံးအကြိမ်လေးတောင်မြင်ခွ င့်မရခဲ့ပါဘူး။
.................... ဖွားဖွားရဲ့ ကြွေးကျေးဇူးတွေ က အများကြီးရှိခဲ့ပါတယ် ။ ငြိမ်း ၃ နှစ်သမီးလောက်ထည်းက ငြိမ်းဖေဖေ က ငြိမ်းတို့ နဲ့ အဝေးဆုံးတနေရာမှာ ရှိနေခဲ့တဲ့ အချိန် မေမေက လည်း သူ့ အဖေဖြစ်တဲ့ အဖိုးကို အလုပ်ကြွေးပြုဆုနေချိန် တွေ မှာ ငြိမ်းဖွားဖွားနဲ့ ပဲ ငြိမ်းနေခဲ့ရတာပါ...။ ကျောင်းတက်လည်း ကျောင်းမှာ မျက်နှာမငယ်အောင် ဖွားဖွား မုန့် ဖိုး ဆိုရင် ၂ ခါပြောစရာမလို ခဲ့ပါဘူး...။ ငြိမ်းက လူငယ်ဆိုတော့ အဲတာတွေကို နားမလည်ခဲ့တာလားတော့မသိဘူး ။ ဖွားဖွားမရှိတော့မှ ဖွားဖွားရဲ့ ကျေးဇူးတွေကို ပိုပြီး တန်ဖိုးသိလာခဲ့ပါတယ်॥။15।11।20 08 တနင်္ဂနွေနေ့  ၁ ရက်နေ့ မှာ ကျင်းပခဲ့တဲ့ ဖွားဖွားရဲ့ ဈာပန ကို ငြိမ်းတို့ ဖုန်းထဲကပဲ ကြားခွင့်ရခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီနေ့ ဟာ ငြိမ်းညီမငယ်လေးရဲ့  မွေးနေ့ ပါ။ ငြိမ်းထက်ပိုပြီး ငြိမ်းဖေဖေက ခံစားရမှာပါ။ ဒါပေမဲ့ လူကြီးတွေပြောသလို ဆိုရင်တော့ တရားနဲ့ ပဲ ဖြေကြရတော့မှာပေါ့နော်...။ ဖွားဖွား က အသက် ၈၅ နှစ်နီးပါးရှိပါပြီ॥နောက်တနေ့ နံနက်မှာ ပဲ ငြိမ်းတို့ အိမ်က စွမ်းချက်ပီး အာရုံစွမ်းကပ်လျှူခဲ့ပါတယ်။ဖွားဖွားကောင်းရာသုကတိလားပါစေလို့ ငြိမ်းလည်းဆုတောင်းပေးလိုက်ပါတ ယ်။ လူတယောက်ရဲ့ တန်ဖိုးကို သူမရှိတော့မှ သိတယ်ဆိုတဲ့ စကားကသိပ်ကို မှန်ပါတယ်။
......................ငြိမ်းမှာ ချင်တာက "မိဘနဲ့ သားသမီပဲဖြစ်ဖြစ် ၊ အဖိုးအဖွားပဲဖြစ်ဖြစ်၊ ညီအကို မောင်နှမပဲဖြစ်ဖြစ် သူတို့ ရှိနေစဉ်ကာလမှာ သူတို့ တန်ဖိုးကို သိအောင်ကြိုးစားကြပြီး ကျေးဇူးဆပ်ကြပါလို့ ။"

PS: ဒီစာလေးကို ရေးရတဲ့အကြာင်းကတော့ ဖွားဖွား နဲ့ ပါတ်သတ်ပြီး မှတ်တမ်းလေး တခု ထင်ကျန်စေ့ချင်လို့ ပါ။
..................................
"လောကရဲ့ မိခင်"
သူမဟာ လောကအတွက်အသက်ပေါင်းများ စွာ
ကယ်တင်ခဲ့သူ တဦးဖြစ်ခဲ့တယ်။

သူမဟာ သားသမီး (၇) ယောက် အတွက်
တာဝန်ကျေတဲ့ မိခင်တယောက် ဖြစ်ခဲ့တယ်။

သူမဟာ မြေးပေါင်း မြောက်များ စွာအတွက်
ကျွေးမိခင် ဖြစ်ခဲ့တယ်။

သူမဟာ ကျမအတွက်
ကမ္ဘာမြေရဲ့ အလင်းစက် တခုဖြစ်ခဲ့တယ်။

သူမဟာ အတ္တဆို လို့ 
သား၊ သားမီးကို ချစ်တဲ့အတ္တ
မိသားစု ချစ်တဲ့ အတ္တ
မြေးတွေ ကို ချစ်တဲ့ အတ္တ က လွှဲ ပြီး
အတ္တ မြူတမှုံ မျှ မရှိခဲ့သူ တစ်ဦး ဖြစ်ခဲ့တယ်။

သူမရဲ မေတ္တာ ဟာ
သားသမီးတိုင်း အတွက် စံနမူနာ ဖြစ်မှာပါ။

သူမရဲ့  စေတနာ ဟာ
သားသမီးတိုင်း အတွက် ပေးဆပ်ခြင်း သက်သက်ပါပဲ။

သူမ ရဲ့ ဂရုဏာ တွေ အတွက်
အနာဂါတ်မှာ သမိုင်းတခု ထင်ကျန်ခဲ့မှာပါ။
...............
PS: " သူမဟာ လောကအတွက်အသက်ပေါင်းများ စွာ ကယ်တင်ခဲ့သူ တဦးဖြစ်ခဲ့တယ်။ "
လို့ ရေးရတဲ့ အကြောင်းကတော့ ဖွားဖွားက သားဖွား ဆရာ မ အပြာဝတ်ပါ။ သူ ကျောင်းပီးကတည်း က လုပ်ခဲ့တဲ့ အသက် မွေးဝမ်းကြောင်းအလုပ်တခုပါ။ ညလေးကို လည်း ဖွားဖွား ကိုယ်တိုင် လောက ထဲ ကို ခေါ်လာခဲ့တာပါ။
(ဖွားဖွားအတွက် မှတ်တမ်းတင်ကဗျာ)